ကမ်းဝေးငါးဖမ်းလှေများ VMS မပါဘဲ ရက် ၆၀ ဖမ်းဆီးခွင့်ပြု

ကမ်းဝေးငါးဖမ်းလှေများအား လှေ စောင့်ကြည့်ရေးစနစ်(VMS) မပါဘဲ ရက်ပေါင်းခြောက်ဆယ် ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ ငါးဖမ်းရာသီစတင်ချိန်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာ လ ၃၀ ရက်အထိ VMS (Vessel Monitoring System)...

အသားဈေးနှုန်း တိုးရောင်းခွင့်ပြုရန် တောင်းဆို

ထားဝယ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ သားသတ် လိုင်စင်ယူထားသူများက အသားတစ်ပိဿာ ဈေးနှုန်း တိုးမြှင့်ရောင်းချခွင့်ပြုရန် တင်ပြလာသည့်အတွက် စည်ပင်ကော်မတီ ၏ သဘောထားမှတ်ချက်နှင့်အတူ တိုင်းအစိုးရထံ တင်ပြထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။ သားသတ်လိုင်စင်စည်းကမ်းချက်...

လေးနှစ်အတွင်း ငရုတ်ကောင်းဈေး သုံးပုံတစ်ပုံ ထိုးဆင်း

ထားဝယ်ဈေးကွက်တွင် ငရုတ်ကောင်း အခြောက်ဈေးနှုန်းမှာ လေးနှစ်အတွင်း သုံးဆကျော်အထိ ထိုးဆင်းသွားကြောင်း ထားဝယ်ခရိုင်ရှိ ငရုတ်ကောင်းစိုက် တောင်သူအချို့နှင့် ပွဲရုံအချို့ထံမှ သိရ သည်။ ငရုတ်ကောင်းအခြောက် တစ်ပိဿာ လျှင် ပြီးခဲ့သည့် လေးနှစ်ခန့်က ၁၈၀၀၀ ကျပ်...

ကုမ္ပဏီများ၏ နှစ်စဉ်အစီရင်ခံစာကို အွန်လိုင်းဖြင့် တင်ပြရမည်

ယခုနှစ်မှစတင်ကာ ကုမ္ပဏီများ အားလုံး၏ နှစ်စဉ်အစီရင်ခံစာကို အွန် လိုင်းစနစ်ဖြင့် တင်ပြရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ထံမှ သိရသည်။ ကုမ္ပဏီ၏ ငွေစာရင်းရှင်းတမ်း၊ အခွန်ဆောင်မှုမှတ်တမ်း အစရှိသည့် နှစ်စဉ်အစီရင်ခံစာကို ပြီးခဲ့သည့်နှစ်က စာရွက်စာတမ်းဖြင့် တင်ပြရပြီး ယခုနှစ် မှစတင်ကာ အွန်လိုင်းစနစ်...

စောင်းကောက်ကျွန်းတွင် လုပ်ငန်းရှင် ၅ ဦးကို လုပ်ကိုင်ခွင့် လျှောက်ခိုင်းထားဆဲဟုဆို

ကော့သောင်းမြို့ ဇာဒက်ကြီးကျေး ရွာအုပ်စု စောင်းကောက်ကျွန်းပေါ်တွင် ကုမ္ပဏီလုပ်ငန်းရှင် ငါးဦးကို ယာယီ လုပ်ပိုင်ခွင့်သာ ပြုထားပြီး BOT စနစ် ဖြင့် လုပ်ကိုင်ခွင့် လျှောက်ခိုင်းထားဆဲဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ကုမ္ပဏီ ၅...

ဘုတ်ဖတ်ဖြင့်ပြုလုပ်သည့် အစားအသောက်ဆိုင်ရာပစ္စည်း ရန်ကုန်တွင် စထုတ်

ဒေသအခေါ် ဘုတ်ဖတ်ဟုခေါ် သည့် ကွမ်းသီးပင်ဖက်များကို အသုံးပြု ကာ မြိတ်တွင်ထုတ်လုပ်နေသည့် အစား အသောက်ဆိုင်ရာပစ္စည်းများကို ပြီးခဲ့ သည့် ရက်ပိုင်းမှ စတင်၍ ရန်ကုန်မြို့တွင် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ပစ္စည်း ထုတ်လုပ်နေသူ ဦးသန်းဇော်ဦးထံမှ သိရ သည်။ ကွမ်းသီးဘုတ်ဖတ်မှ တစ်ခါသုံး ထမင်းဘူး၊...

မိုးစပါးချေးငွေလျာထားချက် ယမန်နှစ်ထက် ကျပ်သိန်းပေါင်းတစ်သောင်းကျော် လျော့

ယခုနှစ်ထုတ်ချေးရန်လျာထားသည့် မိုးစပါးချေးငွေမှာ ယမန်နှစ်မိုးစပါးချေးငွေလျာထားချက်ထက် ကျပ်သိန်းပေါင်း တစ်သောင်းကျော် လျော့နည်းကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ထံမှ သိရသည်။ ယမန်နှစ်က မိုးစပါးချေးငွေထုတ်ချေး ရန် ကျပ် ၁၇ ဘီလီယံကျော်လျာထားသော်လည်း ယခု ၂၀၁၉ ခုနှစ်တွင်မူ ကျပ် ၁၆ ဘီလီယံကျော်သာ ထုတ်ချေးပေးရန် ကနဦး...

ကုန်စိမ်းဈေးသစ် ဧပြီ ဖွင့်မည်၊ ဈေးဟောင်းတွင် ရောင်းချိန် ကန့်သတ်မည်ဟုဆို

အသစ်ဆောက်လုပ်ပြီးစီးနေပြီဖြစ် သည့်၊ ရှမ်းချောင်းရပ်ကွက်ရှိ ကုန်စိမ်း ဈေးအား လာမည့် ဧပြီလ ၁ ရက်တွင် စတင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး လက်ရှိ ဈေးအဟောင်းကိုမူ ဈေးရောင်း ချိန် ကန့်သတ်သွားမည်ဖြစ်ကြောင်း     မြိတ်မြို့နယ် စည်ပင်သာယာရေးကော် မတီထံမှ သိရသည်။ ကန်ဖျားရပ်ကွက်ရှိ ကုန်စိမ်းဈေး အဟောင်းမှ...

တားမြစ်ပစ္စည်းပါ အလှကုန် ၉ မျိုး လောင်းလုံးဈေးကွက်တွင် သိမ်းဆည်း

တားမြစ်ဓာတုပစ္စည်း ပါဝင်သဖြင့် သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် အလှကုန်ကိုးမျိုးကို လောင်းလုံးမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ပစ္စည်းများ သိမ်းဆည်းခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA) ထံမှ သိရသည်။ မဒီ ၊ Lay...

ကျွန်းသုံးကျွန်းနှင့် ကမ်းခြေကိစ္စ သီးခြားအဖွဲ့ဖြင့် စစစ်

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်း အပါအ၀င် ကျွန်းသုံးကျွန်းနှင့် ကမ်းခြေ တစ်ခုတွင် အပန်းဖြေစခန်းဆောက်ရန် မြေနေရာ လျှောက်ထားမှုအပေါ် ကန့်ကွက် သူများရှိသည့်အတွက် သီးခြားအဖွဲ့ဖြင့် စတင်စစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။ တွေ့ရှိချက်အစီရင်ခံစာကို ဇွန်လအတွင်း တင်ပြမည်ဖြစ်ကြောင်း ယင်းဌာန ထံမှ သိရသည်။