ကမ်းဝေးငါးဖမ်းလှေများ VMS မပါဘဲ ရက် ၆၀ ဖမ်းဆီးခွင့်ပြု

0
589

ကမ်းဝေးငါးဖမ်းလှေများအား လှေ စောင့်ကြည့်ရေးစနစ်(VMS) မပါဘဲ ရက်ပေါင်းခြောက်ဆယ် ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

ငါးဖမ်းရာသီစတင်ချိန်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာ လ ၃၀ ရက်အထိ VMS (Vessel Monitoring System)  မပါဘဲ နှစ်လ ဖမ်းခွင့်ပြု ကြောင်းကို ငါးလုပ်ငန်းဦးစီးဌာနက သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ ကြောင်း အထက်ပါဌာနထံမှ သိရသည်။

VMS (Vessel Monitoring System) ဆိုသည်မှာ ပင်လယ်ပြင် မိုးလေ၀သ ခန့်မှန်းမှုကို ကြိုတင်သိရှိပြီး မုန်တိုင်းအန္တရာယ်ကို ကာကွယ်နိုင်ရန် သတင်းအချက်အလက်ရရှိစေနိုင်သည့် အပြင် တရားမ၀င်ငါးဖမ်းလှေနှင့် လိုင်စင် မဲ့ ငါးဖမ်းလှေများကို စောင့်ကြည့် ထောက်လှမ်းနိုင်သည့် ပင်လယ်ပြင် စောင့်ကြပ်စစ်ဆေးရေး စနစ်တစ်ခု ဖြစ် သည်။

ယခုနှစ် ငါးဖမ်းရာသီတွင် VMS စနစ်ရှိမှသာ ငါးဖမ်းဆီးခွင့်ပြုမည်ဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ယခု လဆန်းပိုင်းက ထုတ်ပြန်ခဲ့သော်လည်း VMS မရှိဘဲ နှစ်လဖမ်းခွင့်ပြုကြောင်း ထပ်မံထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဒီနှစ်လအတွင်းမှာ သူတို့ကအပြီး တပ်ဆင်ရမှာပေါ့”ဟု ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဠြှ စနစ်တပ်ဆင် ပေးမည့် ကုမ်္ပဏီများနှင့် ငါးလုပ်ငန်းဦးစီး ဌာနတို့ လုပ်ငန်း စာချုပ်ချုပ်ဆိုခြင်းဆိုင် ရာလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၎င်းင်းက ဆိုသည်။

VMS စနစ် တပ်ဆင်မှု အချိန်မမီ မပြီးစီးနိုင်ကြောင်းနှင့် ငါးဖမ်းဆီးခွင့် ပြုနိုင်ရန် ငါးဖမ်းလှေပိုင်ရှင်များက တင် ပြလာသည့်အတွက် ရေလုပ်သားများ စားဝတ်နေရေးပြေလည်စေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ပြည်ပပို့ ကုန်ပမာဏနှင့် တန်ဖိုးလျော့ကျမှုမရှိစေ ရေးတို့ စသည့်အကြောင်းများကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနကနှစ်လဖမ်းဆီးခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ထံမှ သိရသည်။

VMS စနစ်တပ်ဆင်ရန် ကုမ်္ပဏီ ၇ ခုမှတင်ဒါအောင်ထားသည်ဟု ကြား သိရကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက်္ကဋ္ဌ ဦးစန်းမောင်က ပြောသည်။

“ကုမ္ပဏီတွေအမြန်ဆုံးလာပြီး တပ် ဆင်ပေးရင်တော့ လှေရှင်တွေ အတွက်ပို အဆင်ပြေတာပေါ့”ဟု ဦးစန်းမောင်က ပြောသည်။

စက်တစ်လုံးကို ဒေါ်လာ ၁၂၀၀(မြန်မာငွေကျပ် ၁၈ သိန်းခန့်) ပေးရမည်ဖြစ်ပြီး လစဉ်ကြေးတစ်လလျှင် ဒေါ်လာ ၁၀၀(မြန်မာငွေ ကျပ် ၁ သိန်းခွဲ) ပေးရမည်ဟု အကြမ်းဖျင်းသိရှိထားကြောင်း ဦးစန်းမောင်က ဆိုသည်။

VMS စနစ်ရှိခြင်းအားဖြင့် ကမ်းဝေး ကမ်းနီးလှေပြဿနာအပါအ၀င် ပြဿနာ အများစုကို ဖြေရှင်းသွားနိုင်မည်ဖြစ် ကြောင်း ၎င်းင်းက ဆိုသည်။

VMS စနစ်တပ်ဆင်ပေးမည့် ကုမ်္ပဏီ များအနေဖြင့် နှစ်လအတွင်း ကမ်းဝေး လှေ အားလုံးအား သတ်မှတ်ထားသည့် ကာလအတွင်း တပ်ဆင်နိုင်ခြင်းမရှိပါက အခက်အခဲများစွာရှိနိုင်ကြောင်း  ကမ်းဝေး ငါးဖမ်းရေယာဉ်ပိုင်ရှင်အချို့က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေး ငါးဖမ်းလှေ ၁၄၅၀ စီးရှိပြီး မြိတ်ခရိုင် အတွင်း ကမ်းဝေးငါးဖမ်းလှေ ၇၈၅ စီးရှိ ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးမှ သိရသည်။

ကိုဆန်း