ဇဟာတွင် ဘုရားဖူးကားတစ်စီးမှောက်

ရန်ကုန်မြို့မှ ဘုရားဖူးလာသည့် အန်စာတုံးကားတစ်စီးသည် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မြို့မရောက်မီ ငါးမိုင်ခန့်အလိုတွင် တိမ်းမှောက်ခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်

တနင်္သာရီဝန်ကြီးချုပ်ကို တိုင်သည့်စာ NLD ဗဟိုသို့ ရောက်

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တိုင်ကြားသည့် စာတစ်စောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုသို့ ရောက်ရှိလာကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။ တိုင်ကြားစာကို ဇန်နဝါရီလ ၂၄ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ထိုနေ့ ညနေ ၃ နာရီတွင် ဒေါက်တာမျိုးညွန့်က Dawei Watch သတင်းဌာနသို့...

ဇောတိက ဂက်စ်ပိုက်လိုင်း ၁၀ ရက် ပိတ်မည်၊ ထားဝယ်တွင် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် ဂက်စ်ရယူအသုံးပြုနေသည့် ဇောတိကဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းပြုပြင်ရန် ၁၀ ရက် ပိတ်ထားမည်ဖြစ်သောကြောင့် လျှပ်စစ်မီးအချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းထက်က ပြောသည်။ ဇောတိကကမ်းလွန်စီမံကိန်းမှ သွယ်တန်းထားသည့် ဂက်စ်ပိုက်လိုင်းကို ဇန်န၀ါရီလ ၂၀ ရက်မှ ၂၉ ရက်အထိ ပိတ်ကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိကြောင်း ဦးရဲမင်းထက်က...

ကမြောကင်းတံတားအောက် အမျိုးသားအလောင်း တစ်လောင်းတွေ့

ထားဝယ်မြို့ ကမြောကင်းတံတားအောက် ထားဝယ်မြစ်ထဲတွင် ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိရသဖြင့် ရဲတပ်ဖွဲနှင့် ဇမ္ဗူသီရိအဖွဲ့တို့က ဆယ်ယူရန် ကြိုးပမ်းလျှက်ရှိသည်။ ကလေးငယ်တစ်ဦးမှ ထားဝယ်မြစ်အတွင်း အလောင်းတွေ့ရကြောင်း ကမြောကင်းတံတား ရဲကင်းကို လာပြောပြသဖြင့် စတင်သိရှိခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရသည်။ ဓာတ်ပုံ -...