မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအဝင်အထွက် လုံခြုံရေးတင်းကြပ်

0
426

မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အဝင် အထွက် လုံခြုံရေး တင်ကြပ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးရုံးထံမှ သိရသည်။


လက်တလော အခြားဒေသများတွင် ဖြစ်ပေါ်နေသည့် အသေးစားပေါက်ကွဲမှု ဖြစ်စဉ်များကဲ့သို့ မွန်ပြည်နယ်အတွင်း မဖြစ်ပွားစေရန်ယင်းသို့ တင်းကြပ် ထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။
နိုဝင်ဘာလ နောက်ဆုံးအပတ်မှ စတင်ပြီး အစိုးရအဖွဲ့ရုံး အဝင်အထွက် စစ်ဆေးမှု တင်းကြပ်ထားပြီး ဝင်ထွက် သည့် လူစာရင်းများ သာမက ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် အိတ်တို့ကို စနစ် တကျစစ်ဆေးနေကြောင်း ဂိတ်တာဝန် ကျ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ တစ်နေ့လျှင် ဧည့်သည် အယောက် ၅၀ မှ အယောက် ၁၀၀ ကျော်ကြား အဝင် အထွက်ရှိနေကြောင်း အဆိုပါ ရဲတပ် သားက ဆက်ပြောသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်း အတွင်းတွင် အစိုးရအဖွဲ့ရုံးအပြင် ပြည် နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး လည်း တည်ရှိသည်။