တနင်္သာရီတိုင်းတွင် မွန်လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

0
458

တနင်္သာရီတိုင်းတွင် မွန်လုပ်ငန်းရှင်များအသင်းအား စတင်ဖွဲ့စည်းလိုက်သည်။

တိုင်းအတွင်း မွန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ နစ်နာမှု မရှိစေရန်၊ အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ တစ်စုတစ်စည်းတည်း ဖြစ်အောင် ယခုကဲ့သို့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမင်းမြင့်အောင်ထံမှ သိရသည်။

အသင်းဖွဲ့စည်းရန် ဧပြီ ၂၁ ရက်က ဆုံးဖြတ်ချက် အတည်ပြုခဲ့ခြင်းဖြစ်ပြီး တရားဝင် ခွင့်ပြုချက်ရရှိရန် မကြာမီ တိုင်းအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မွန်တိုင်းရင်းသားများဆိုပေမဲ့ တစ်ခြားတိုင်းရင်းသားတွေလည်း ပူးပေါင်းနိုင်ပါတယ်”ဟု ဦးမင်းမြင့်အောင်က ပြောသည်။

မွန်လုပ်ငန်းရှင်များအသင်းနှင့်ပတ် သက်၍ အသေးစိပ်အစီအစဉ်များအား အစိုးရက တရားဝင် အသိအမှတ်ပြုပြီးချိန်တွင် ထပ်မံကြေညာသွားမည် ဖြစ်ပြီး ယခုအသင်းဖွဲ့စည်းရာတွင် ကော့သောင်းခရိုင်၊ မြိတ်ခရိုင်၊ ထားဝယ်ခရိုင်တို့မှ မွန်လုပ်ငန်းရှင်များလာရောက်တိုင်ပင်ဆွေးနွေးသဘောတူခဲ့ကြောင်း သိရသည်။

Dawei Watch