ဧပြီလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
311

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တနင်္သာရီတိုင်းထဲက စစ်မှုထမ်းပထမအသုတ်ကို လာမယ့်အပတ်ကစပြီး စစ်သင်တန်းပေးမယ့်အကြောင်း
  • ရေး-သရက်ချောင်း ပြည်ထောင်စုလမ်းပိုင်းကို ညပိုင်းမသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေသတိပေးတာ
  • ထားဝယ်အရှေ့တောက ပကာရီမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ အခြေအနေ
  • ကလိန်အောင်နဲ့ ကံပေါက်မှာ ဒေသခံ ၁၀ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အခြေအနေ
  • ထိုင်းနိုင်ငံကို တရားမဝင်လာတဲ့ မြန်မာသုံးဆယ်နီးပါးပါ ကားမှောက်လို့ ငါးဦးဒဏ်ရာအပြင်းအထန်ရသွားတဲ့အကြောင်း
  • ရခိုင်နဲ့ မကွေးကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို AAက အကန့်အသတ်မရှိပိတ်လိုက်တဲ့အကြောင်း
  • စံချိန်တင်တက်နေရာက ပြန်ကျလာတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အခြေအနေ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။