မန္တလေးမြို့လယ်တွင် KBZ ဘဏ် ဓားပြတိုက်ခံရ

0
617

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်အနီးရှိ KBZ ဘဏ်ခွဲ ယနေ့ မတ်လ ၂၅ရက် နံနက် ၁၁နာရီကျော်တွင် ဓားပြတိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြာရှိ KBZ ဘဏ်ခွဲ ၄၆ ကို ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားသုံးဦး လာရောက်ကာ ဓားပြတိုက်ခြင်း ဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

အွန်လိုင်းပေါ် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတွင် အမျိုးသားတစ်ဉီးက သေနတ် ချိန်ကာ ဘဏ်ထဲ ဝင်ရောက်လာပြီး နောက်တစ်ဉီးက ပုဆိန်ကိုင်ဆောင်ထားသည်။ ယင်းနောက် ဘဏ်ထဲရှိသူများကို ထောင့်တစ်နေရာတွင် စုခိုင်းကာ ဘဏ်ရှိ ငွေများကို ယူဆောင်သွားသည်ကို တွေ့ရသည်။

ဘဏ်က ငွေကျပ် သိန်းနှစ်ထောင်ကျော်ကို ယူဆောင်သွားကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းများတွင် ဖော်ြပကြသည်။

ဓားပြတိုက်သူများ ပြန်သွားပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာြပီး ဓားပြတိုက်မှု ဖြစ်ပွားနောက် မြို့အဝင် အထွက်အပါအဝင် နေရာအများအပြားတွင် စစ်ဆေးတင်းကျပ်နေကြောင်းလည်း ဖော်ပြသည်။

၂၀၂၂ ခုနှစ်ကလည်း ချမ်းအေးသာစံနှင့် ပြည်ကြီးတံခွန်က KBZ ဘဏ်ခွဲနှစ်ခု ဓားပြတိုက်ခံခဲ့ရသေးသည်။