ကျိုက်မရောရှိ ကျေးရွာစာသင်‌ကျောင်းတွင် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတွေ့

0
956

ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာစာသင်‌ကျောင်း အတွင်းတွင် မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်းတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ချောင်းနှစ်ခွနယ်မြေ မယ်တရိုကျေးရွာတွင် တိုက်ပွဲမဖြစ်ပွားသည်မှာ၂ လခန့်ရှိပြီဖြစ်သော်လည်း ဒေသအတွင်း မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းများရှိနေ၍ စစ်ရှောင်အများစု နေရပ်မပြန်ရဲသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

စာသင်ကျောင်းတွင် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကျန်များ ပြီးခဲ့သည့် ရက်ပိုင်းကတွေ့သဖြင့် ရွာသားများ စိုးရိမ်နေကြသည်ဟု မယ်တရိုကျေးရွာနေသူတစ်ဦးကပြောသည်။

အန္တာရာယ်မဖြစ်စေရန် ဆားဖြူးထားကာ နေရာပြထားခြင်း နှင့် သစ်သားများဖြင့် ကာရံထားခြင်းများ လုပ်ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စာသင်ကျောင်းတွင် မြေမြှုပ်မိုင်းတွေ့ရှိသဖြင့် လာရောက်ဖယ်ရှားပေးရန် စစ်ကောင်စီတပ်ကို အကူအညီ တောင်းခံထားသော်လည်း လာရောက်ဖယ်ရှားပေးခြင်းမရှိဟု ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် နီးစပ်ရာရွာများဖြစ်သည့် လှကဇိုင်၊ မယ်တရို့ကျေးရွာနှင့် တောင်ကလေးကျေးရွာတို့တွင်လည်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟု ဒေသခံများကဆိုသည်။

လက်ရှိတွင်ချောင်းနှစ်ခွဒေသကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး နေရပ်ပြန်စစ်ဘေးရှောင်းများကို ရိုက်နှက်စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် အခက် တွေ့နေဟု သိရသည်။