မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေပြီး ၄ ဦးပျောက်ဆုံးနေ

0
984

မလေးရှားနိုင်ငံ၏ ခရီးသွားဒေသတစ်ခုဖြစ်သော Cameron Highlands တွင် ယနေ့ နံနက်ပိုင်းက မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး ပိသွားခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကာ ၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။

Cameron Highlands ဒေသ၏ တောင်ပြာတန်း မြို့ငယ်လေးတွင် ယနေ့ နံနက် ၂ နာရီခန့်က မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ နေထိုင်သည့်အိမ်အပေါ် ပြိုကျလာခြင်းဖြစ်သည်။

မြေပြိုမှုဖြစ်ပွားနေကြောင်း ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ကယ်ဆယ်ရေးအဖွဲ့များ သတင်းရရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။

သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ကျန်သော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ မြေကြီးအောက်တွင် ဖုံး၍ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်(ဇန်နဝါရီ ၂၆ နေ့လယ်ပိုင်း)အထိ ပျောက်ဆုံးနေသော မြန်မာနိုင်ငံသားများကို ရှာဖွေကယ်ဆယ်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လွန်ခဲ့သောရက်များကတည်းက Cameron Highlands ဒေသတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Ref: The Star, CNA, The Strait Times, Malay Mail