ကော့သောင်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

0
981

ကော့သောင်းမြို့တွင် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရသည်။

ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာအနီး ၁၄ မိုင်နှင့် ၁၅ မိုင်ကြားတွင် ဆိုင်ကယ်နှစ်စီး တိုက်မိခြင်းဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူကပြောသည်။

“သေတဲ့သူက နောက်စေ့ပွင့်ထွက် သွားတယ်”ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှုကြောင့် ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာသား အသက် ၅၀ ဝန်းကျင်ရှိ ပသျှူးအမျိုးသား ဖြစ်သည့် ကိုအမှီး ဆိုသူ သေဆုံးခဲ့သည်။

‌ဒဏ်ရာရရှိသည့် အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ ၂ မိုင် ဆေးရုံတွင် ဆေးကုသခံယူနေပြီး နောက်တစ်ဦးမှာ ပြင်ပလူနာဌာနတွင် ကုသမှုခံယူခဲ့ရကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ က ကော့သောင်းမြို့တွင် ယာဉ်တိုက်မှု ၈ မှုထက်မနည်းဖြစ်ခဲ့သည်။