သထုံမြို့နယ် သိမ်ဆိပ်တွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
1268

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ် မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်းရိုးကျေးရွာတွင် နေထိုင်သူ အမျိုးသား တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေး ပုတိန်းရိုးကျေးရွာတွင် ကားလက်မှတ်ရောင်းသူ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ကားလက်မှတ်ရောင်းသည့် ကိုမျိုးမင်းသည် နေအိမ်တွင် ဇနီးနှင့် အတူရှိနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

လက်မှတ်ဝယ်ယူမည်ဟုဆိုကာ ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးရောက်လာ၍ ကိုမျိုးမင်းအိမ်အောက်သို့ ဆင်းလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သေနတ်သံကြားလို့ သူ့မိန်းမဆင်းကြည့်တော့ သေနေတာတွေ့ရတယ်” ဟု မိုးကောင်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

မည်သူတို့က မည်သည့်အတွက်ကြောင့် လာရောက်ပစ်ခတ်သည်ကိုမူ မသိရှိရသေးပေ။

သေဆုံးသူ ကိုမျိုးမင်း၏ ရုပ်အလောင်းကို မိုးကောင်း လူမူကူညီရေးအသင်း အကူအညီဖြင့် သိမ်ဆိပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။