ကော့သောင်းတွင် အတက်ရောဂါသည် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
1025
ဓာတ်ပုံ - ရွှေအဏ္ဏဝါ ပရဟိလူငယ်အဖွဲ့

ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အရှေ့ဘက်ရှိ ဘဝကျွန်းတွင် ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ အသက် ၁၁နှစ်အရွယ်ရှိ ကလေးငယ်မှာ ပါချန်မြစ်ထဲရှိ ဘဝကျွန်းတွင် ကဏန်းမွေးသည့်ကန်၌ ရေကူးကစားစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကလေးငယ်၏ ရုပ်အလောင်းကို ယင်းနေ့ ညနေပိုင်းတွင် ကော့သောင်းမြို့ ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့က သွားရောက်သယ်ဆောင်ပြီး ကော့သောင်းမြို့ ၂မိုင်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ကော့သောင်းမြို့၏အရှေ့ဘက် ဘဝကျွန်းသည် ထိုင်းမြန်မာနယ်စပ် မြစ်ဖြစ်သော ပါချန်မြစ်ထဲတွင်ရှိပြီး မြန်မာပိုင်ကျွန်းဖြစ်ကာ ဒေသခံအများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးကြသည်။