ထားဝယ်တွင် ကွမ်းယာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့်ပစ်သူ ၂ ဦးကိုဖမ်းဆီး

0
3426

ထားဝယ်မြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၂)နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ကွမ်းရာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သူ နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကနဦးသတင်းများ အရသိရသည်။

ဗျောတောဝ ရပ်ကွက်၊ရွာလယ်ဇရပ် အနီးရှိ ကွမ်းယာရောင်းသည့် ဆိုင်အတွင်းသို့ အမျိုးသား နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာတွင် ဗုံးမပေါက်သွားဘဲ ပစ်ခတ်သူများကို အနီးအနားရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဗုံးက နှစ်လုံးလို့ သိရတယ်” ဟု၎င်းကပြောသည်။

ဗုံးပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အဆိုပါဗုံးကို ရှင်းလင်းကာ စစ်ဆေး‌မေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။