မိုင်းရှင်းနေသော စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့

0
1120

လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးပုံအနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်က လူမနေသည့်နေအိမ်တစ်လုံးကို မီးရှို့သွားသည်ဟု ဒေသခံများထံမှသိရသည်။

“အိမ်ကတော့ပြာကျသွားပြီ အဲဒီအိမ်မှာလူမနေ‌တာတော့ကြာပြီ ပစ္စည်းတွေ ပဲထားတော့တယ် “ဟု ၎င်းကပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၀ ရက်)မနက်ပိုင်း ၇ နာရီကျော်ခန့်က သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က လမ်းများပိတ်ကာ မိုင်းများရှင်းလင်းနေခြင်းဖြစ်သည်။

ယင်းနောက် မနက် ၉ နာရီကျော်ခန့်တွင် သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် ထောင်ထားသည့် မိုင်းသုံးလုံးကို ဖောက်ခွဲပစ်ပြီးနောက် နေအိမ်ကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။