ကံပေါက်အဝင်လမ်းများကို စစ်ကောင်စီတပ်ပိတ်ထား

0
825
ပုံစာ - ဂန့်ဂေါ်တောင်လမ်းဆုံ။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အဝင်လမ်းများဖြစ်သည့် ပယလမ်း၊ပြင်ကြီးလမ်းနှင့် ကလိန်အောင်အဝင်လမ်းများကို ယနေ့ (ဒီဇင်ဘာ ၁၅) မနက် ၈ နာရီဝန်းကျင်မှစပြီး စစ်တပ်က ပိတ်ထားကြောင်း ယာဥ်မောင်းများထံမှသိရသည်။

“မနက် ၉ နာရီကဝင်လာတဲ့ ကလိန်အောင်ကားလမ်းမှာ ပိတ်မိနေတုန်းပဲ” ဟု ကလိန်အောင်မြို့ဘက်မှ အဝင်လမ်းတွင်ပိတ်မိနေသည့် ခရီးသည်အမျိုးသမီးတစ်ဦး ယနေ့ နေ့လယ်ပိုင်းတွင်ပြောသည်။

လမ်းမပိတ်မီ ဒီဇင်ဘာလ ၁၄ ရက်ညနေပိုင်းနှင့် ဒီဇင်ဘာလ ၁၅ ရက်မနက်ပိုင်းများတွင် ရေဖြူမြို့နယ်၊ ကံပေါက်ရွာအနီးရှိ အိန္ဒရာဇာကျေးရွာအုပ်စုတွင် သေနတ်သံများကြားရကြောင်း ဒေသခံများကဆိုသည်။

“ ခြံတောင်မသွားရဲဘူး။ သေနတ်ပစ်သံတွေကြားနေရတယ် “ ဟု အိန္ဒရာဇာရွာ တွင် ရော်ဘာခြံစိုက်ပျိုးထားသည့် ကံပေါက်ဒေသခံတစ်ဦးကပြောသည်။

လမ်းပိတ်ကြောင်းရသည့်အကြောင်းအရင်း တိတိကျကျ မသိရသေးသလို မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကိုလည်း စစ်တပ်က အသိပေးပြောကြားခြင်းမရှိသေးပေ။

ယခုနှစ်အတွင်း ကံပေါက်အဝင်လမ်းကို စစ်တပ်က ၃ ကြိမ်ထက်မနည်းပိတ်ခဲ့ပြီး ၂ ရက်ကြာအထိ ပိတ်ထားဖူးကြောင်း ဒေသခံများကပြောသည်။