“မယ်မယ့်လက်ရာ- ခေါသရပ်မုန့် နှင့် တနင်္သာရီရိုးရာ တစ္ဆေမုန့်ကျွေးပွဲ”

0
1331

တစ်နှစ်ပတ်လုံး မရနိုင်ပါ။ ပွဲတော်ရက်မှာသာ စားခွင့်ရသော မုန့်ဖြစ်သည်။

“ကောက်ငချိတ် မြေပဲလောင်းလို့

အုန်းနို့ဆောင်း ကျိုရအောင် ။

ရွှေခဲရောင် ဓနိပျားဆမ်း

နှမ်းဖတ်ကယ် ဖျန်း။

ကြံသကာ အနှစ်အခဲရယ်သို့

မှန်စွာ တသက်စွဲရအောင်

မာန်ပါပါ အားပျိုးလို့

တအားထိုးကော်.. ဗျတ်ခွဲထုတ်

ကျုပ်တို့.. ခေါသရပ်ပွဲမုန့်။”

ဆိုသည့် စာချိုးလေးအတိုင်းပင်- ခေါသရပ်မုန့်ပြုလုပ်ရာတွင် ကောက်ညှင်းငချိတ်(ကောက်ညှင်းမဲ) ၊ကောက်ညှင်းအဖြူ တွင် ဓနိပျားသကာရည် (သို့) သကြား၊ ဆား၊နှမ်း၊အုန်းနို့အရည်၊ရေနှင့် သမအောင် ရောထိုးရသော ထိုးမုန့်တစ်မျိုးဖြစ်သည်..။

Dawei Watch ၏ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ခေါသရပ်မုန့်နှင့် တနင်္သာရီရိုးရာ တစ္ဆေမုန့်ကျွေးပွဲ အကြောင်းကို ဖော်ပြပေးလိုက်ရပါသည်။