“တနင်္သာရီရိုးရာ လူကျားအက (သို့မဟုတ်) ကရကျားအက ရှင်းတမ်း”

0
301

တနင်္သာရီရိုးရာ ဓလေ့များထဲမှ ဘိုးစဉ်ဘောင်ဆက် ကျင်းပလာခဲ့သော တနင်္သာရီလူကျားပွဲ ဓလေ့သည် တနင်္သာရီလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ဟန်တစ်ခုပင်ဖြစ်သည်။

တနင်္သာရီရိုးရာအစဉ်အလာအရ ” ဆောင်းမှာ နဂါးပြ၊ နွေမှာ ကျားက ” ဆိုသည်မှာ ဆောင်းဦးက သီတင်းကျွတ်လမှာ “နဂါးအက ၊ နဂါးလှေတော်ရေခင်းသဘင်” မဖြစ်မနေကျင်းပကြရသလို နွေအတာသင်္ကြန် နှစ်သစ်ကြိုတဲ့ အချိန်မှာလည်း ရိုးရာတစ်ရပ်အနေဖြင့် လူကျားအကကို ကကို ကရသည်မှာ ဓလေ့အစဉ်အလာပင်ဖြစ်သည် ။

ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တနင်္သာရီရိုးရာ လူကျားအကအကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။