မြိတ်တွင် စားသောက်ကုန်များ စျေးထပ်တက်

0
1249

မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စည်အများစု၏ ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ထပ်တက်သွားသည်။

အခြေခံစားသောက်ကုန်အနက် ဆန်ဈေးနှုန်းများမှာ နေ့စဉ်လိုလိုပင် စျေးတက်နေသည်။

ယခင်အပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၈၅၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်တက်သဖြင့် ၈၈၀၀၀ ကျပ်ဖြစ်လာသည်။

ရွှေဘိုပေါ်ဆန်းမွေးတစ်အိတ်လျှင် ယခင်အပတ်က ၁၅၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်တက်သဖြင့် ၁၅၅၀၀၀ ကျပ်ဖြစ်လာခဲ့သည်။

ရိုးရိုးပေါ်ဆန်းမွေးတစ်အိတ်လျှင် ယခင်အပတ်ထက် ကျပ် ၅၀၀၀ မှ ကျပ် ၁၅၀၀၀  ကျပ်အထိ မြင့်တက်ခဲ့သည်။

ဆယ်ပိဿာဆံ့ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၈၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်တက်သဖြင့် ၈၅၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

ထို့ပြင် ၉၂ အောက်တိန်း ဓာတ်ဆီ တစ်လီတာလျှင် ယခင်အပတ်က ၂၅၉၀ ကျပ်မှ ၂၂၀ ကျပ်တက်လာသဖြင့် ၂၈၀၀ ကျပ်နှုန်း ဖြစ်လာသည်။

နို့စည်၊ နို့စိမ်းဈေးနှုန်းတို့တွင် တစ်‌ဗူးလျှင် ကျပ် ၄၀၀ မှ ၅၀၀ အထိ မြင့်တက်ခဲ့သည်။

ပြည်သူများမှာ အာဏာသိမ်းပြီး ချိန်မှစတင်ကာ ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကို ရင်ဆိုင်နေကြရသည်။