၇ လကြာ ပေါင်ရိုးကျိုးနေသည့် ကလေးအတွက် အရေးပေါ်ကုသစရိတ်လိုအပ်

0
2567

ဆော့ကစားရာမှ ပေါင်ရိုးကျိုးသွားသည့် ကလေးငယ်တစ်ဦးမှာ ၇ လခန့်ကြာလာပြီဖြစ်သော်လည်း ကုသနိုင်ခြင်း မရှိသေးဘဲ အရေးပေါ်ခွဲစိတ်ကုသရန် စရိတ်လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ပေါင်ရိုးကျိုးသွားသည့် ကလေးငယ်မှာ အသက် ၁၂ နှစ်အရွယ်ရှိ မောင်လဝန်းအောင် ဖြစ်ပြီး ထားဝယ်မြို့ ဇလွန်းရွာ ၊ဒေါင်းရှောင်လမ်းရှိ စက်ရုံအနီး နေထိုင်သူဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ပေါင်ရိုးကျိုးသွားခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ကုသနိုင်ခြင်းမရှိသေးပေ။

အရိုးကျိုးသွားသည်ကို နှိပ်ခိုင်းလိုက်ရာမှ ရောင်ကိုင်းလာသည့်အတွက် ဇူလိုင်လအတွင်း ထားဝယ်ဆေးရုံသို့ တင်ပို့ရာ ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ထားဝယ်တွင် ခွဲစိတ်ရန်အဆင်မပြေကြောင်း ဆေးရုံကပြောလိုက်သည်ဟု ၎င်းကဆိုသည်။

ကျိုးသည့်အရိုးမှာ အသားတွင် စိုက်နေသဖြင့် ဒဏ်ရာမှာ အလွန်ဆိုးရွားနေပြီး ရန်ကုန်သို့ မဖြစ်မနေသွားရောက် ကုသရန် လိုအပ်နေဟု မူလက သိရှိထားသော်လည်း ထပ်မံသိရှိရသည့် အချက်အလက်များအရ ကင်ဆာဖြစ်ပွားနေသည်ကို စစ်ဆေးသိရှိထားရကြောင်း အကူအညီပေးနေသူကဆိုသည်။

ယင်းကြောင့် မောင်လဝန်းအောင်အတွက် လှူဒါန်းလိုပါက မိသားစုဆီသို့ အထက်ပါလိပ်စာအတိုင်း သွားရောက်လှူဒါန်းနိုင်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။