လောင်းလုံး သောကြာပြင်လမ်းဆုံတွင် အမျိုးသားအလောင်းတွေ့

0
2410

လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်လမ်းပိုင်း သောကြာပြင်ရွာလမ်းဆုံတွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက်‌ စောစောတွင် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးနေသူမှာ အသက် ၃၆နှစ်အရွယ်ရှိသည့် ဦးကျော်မျိုးထိုက် ဆိုသူဖြစ်ပြီး ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးခေါင်းကျည်ဆံဖောက်ဝင် ဒဏ်ရာနှင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လမ်းဘေး‌တွင် သေဆုံးနေခြင်း ဖြစ်ကြောင်းလည်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။

သေဆုံးသူ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့်အင်္ကျီမှာ ဆိုင်ကယ်တက္ကစီသမားများကို ထုတ်ပေးထားသည့် အမှတ်တံဆိပ်ပါ အင်္ကျီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဦးကျော်မျိုးထိုက်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်သွားသည်ကိုမူ မသိရသေးပေ။

အလောင်းကို ယနေ့ နံနက်စောစောတွင် အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။