ဇွန်လ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
2522

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • သရက်ချောင်းက စစ်ဘေးရှောင်လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သ တ်လိုက်တဲ့အကြောင်း
  • ဥယျာဉ်ခြံလုပ်နေတဲ့ တနင်္သာရီမြို့နယ်က လူငယ်ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတဲ့အကြောင်း
  • ပလမြို့မှာ လယ်ထဲသွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရသွားတဲ့အခြေအနေ
  • ပုလောမြို့နယ်ထဲက ပြည်ထောင်စုလမ်းကို ညဖက်မသွားကြဖို့ ပုလောဒေသကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့အကြောင်း
  • မြိတ်မှာ ၁၄ နှစ်အရွယ် ယောင်္ကျားလေးနှစ်ဦး ရေနစ်သေဆုံးသွားတဲ့အကြောင်း
  • လယ်ယာမြေကို အိမ်ရာ‌မြေကွက်မရိုက်ဖို့ တားမြစ်ထားပေမယ့် မြိတ်မှာအကွက်ဖော်ရောင်းချတာတွေ ရှိနေဆဲ အခြေအနေ
  • အခုပညာသင်နှစ်မှာ တနင်္သာရီတိုင်းထဲ ကျောင်းအပ်နှံသူ နှစ်သိန်းကျော် ရှိတဲ့အကြောင်း
  • ထားဝယ်မြို့ကရွှေဆိုင်တွေကို ကျပ်သိန်း ၅၀ ဘဏ်မှာသွင်းခိုင်းပြီး ထွေအုပ်ရဲ့ သတ္တုရွှေလိုင်စင် လျှောက်ခိုင်းနေတဲ့အကြောင်း
  • ဘန်ကောက်မြို့နားမှာ တရားမဝင် မြန်မာအလုပ်သမား ၁၄ ဦးနဲ့ ပွဲစား ၃ ဦး ဖမ်းမိတဲ့သတင်း အပါအဝင်
  • ရွှေနဲ့ ထိုင်းဘတ်ငွေဈေး အတက်အကျ အခြေအနေ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။