ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင် ရလဒ် ဆက်ကောင်းနိုင်မလား

0
1217

မေလ ၁၂ ရက်နေ့မှာ မြန်မာပရိသတ်တွေအတွက် ရင်ခုန်စရာ မွေထိုင်းစိန်ခေါ်ပွဲတစ်ပွဲ ရှိလို့နေပါတယ်။

ဒီပွဲစဉ်ကတော့ ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင်(ခ) Sulaiman Looksuan ထိုးသတ်မယ့်ပွဲစဉ်ပါပဲ။

ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူဟာ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံထားရသူပါ။

ဒီပွဲစဉ်ကို မေလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်မှာ ထိုးသတ်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။

One Championship က ကြီးမှူးကျင်းပပေးတဲ့ One Friday Fights 16 ရဲ့ စိန်ခေါ်ပွဲတစ်ပွဲအဖြစ် ထွန်းမင်းနိုင် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ထိုင်းမွေထိုင်းကစားသမား ပီတိတ်ခ် ဆော် သက်ပ်ပါရတ် ပါပဲ။