မေလ ၁၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
485

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာက ချို့တဲ့မိသားစုတွေအတွက် လှူဒါန်းထားတဲ့ ရိက္ခာတွေ ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း
  • ရေဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးတဲ့အမှု ခုံရုံးဖွဲ့ စစ်ဆေးနေတဲ့အကြောင်း
  • မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံထဲက ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက်ကို ဦးတည်နေတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားတဲ့အကြောင်း
  • ထားဝယ်မြို့မှာ တစ်ရက်တည်း ကိုဗစ်ရောဂါပိုးရှိသူ ၁၃ ဦးတွေ့ရှိခဲ့အကြောင်း
  • လောင်းလုံးမြို့နယ် ပြင်ကြီးရွာနဲ့ ကရင်ကြီးရွာကြားပစ်သတ်ခံရတဲ့ အမျိုးသားရဲ့ ရုပ်အလောင်း ပျောက်ဆုံးနေတဲ့အကြောင်း
  • ကုန်ကျစာရိတ်များတာကြောင့် ပုဂ္ဂလိကကျောင်းထားမယ့် မိဘတွေ အခက်တွေ့နေကြရတဲ့အခြေအနေ
  • ၁၆ နှစ်အရွယ် မြန်မာအမျိုးသမီးအလုပ်သမားတစ်ဦးကို ထိုင်းအလုပ်ရှင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး ၇ လအကြာ ပိတ်လှောင်ထားခဲ့တဲ့အကြောင်း

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။