လပေါင်းများစွာပိတ်လှောင် မုဒိမ်းကျင့်ခံရမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာမိန်းကလေ

0
1616

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က ကွေးတီယိုဆိုင်မှာ လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းအလုပ်ရှင်က မုဒိမ်းကျင့်ပြီး ၇လကြာ ပိတ်လှောင်ထားခဲ့ပါတယ်။

ပိတ်လှောင်ထားတဲ့ ကာလမှာလည်း အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာမိန်းကလေး ထွက်ပြေး လွတ်မြောက်လာပြီးနောက်မှာ အလုပ်ရှင်ကို အရေးယူအပြစ်ပေးနိုင်ဖို့ တရားဥပဒေလမ်းကြောင်းကနေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။