မြိတ်တွင် အသက် ၇၀ ခန့်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

0
1949

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်ရပ်ကွက်၊ အဝေးပြေးကားဝင်းအသစ်အနီးတွင် ယနေ့(မေ ၄) မနက်ပိုင်းအချိန်က အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း နာရေးကူညီမှုအသင်းများထံမှ သိရသည်။

အဆိုပါ အသက် ၆၉ နှစ်ရှိ အမျိုးသမီးသည် နေအိမ်အနောက် အိမ်သာဘေးတွင် ကြိုးဆွဲချကာ သေဆုံးနေခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောပြသည်။

“ဖြစ်တာက ညဘက်ကတည်းကထင်တယ်။ မနက်လင်းတာနဲ့ အိမ်သားတွေက တွေ့ရတာ” ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ရာ နေအိမ်တွင် သေဆုံးသူအမျိုးသမီး၏ အသက် ၂၀ နှစ်ဝန်းကျင်ရှိ သားတစ်ဦးနှင့် ဆွေမျိုး‌တော်စပ်သူတို့ နေထိုင်ကြသည်ကို ကြားသိရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကြိုးဆွဲချသေဆုံးရသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။

ဧပြီလ ၁၆ ရက်နေ့ကလည်း မင်းသန်းကျေးရွာအုပ်စု မရင်းငယ်ကျေးရွာတွင် အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့သေးသည်။