ဘေးတွဲပေါ်မွေးတဲ့ကလေး ပေါက်ဂဏန်းပေး

0
2319

ကလေးတစ်ယောက် လူ့လောကထဲ စဝင်လာမဲ့အခိုက်အတန့်လေးမှာပဲ ပေါက်ဂဏန်းပေးခဲ့တယ်ဆိုတာ ထိုင်းနိုင်ငံမှာ ဖြစ်ပျက်သွားပါတယ်။

ထိုင်းတောင်ပိုင်းမှာနေတဲ့ မြန်မာကိုယ်ဝန်ဆောင်က ဗိုက်နာလို့ ဆေးရုံကိုသွားတဲ့အချိန်စီးလာတဲ့ ဘေးတွဲဆိုင်ကယ်ပေါ်မှာကလေးမွေးသွားခဲ့တာပါ။

သူမွေးတဲ့ရက်က ထိုင်းထီမထွက်ခင် တစ်ရက်အလို မေလ ၁ ရက်နေ့ပါ။

ဘေးတွဲဆိုင်ကယ်ရဲ့ နံပါတ်က ‘109’ဖြစ်လို့ နောက်တစ်ရက်ထီဖွင့်ချိန် အထူးကံကောင်းစေမဲ့ နံပါတ်ဖြစ်မယ်ဆိုပြီး ရွာသားတွေက ယုံကြည်ခဲ့ကြတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဒါကြောင့်မို့ ထိုင်းဒေသခံတွေအကြား ရေပန်းစားတဲ့ ထိုင်းထီဂဏန်းတစ်ခုဖြစ်လာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် မေလ ၂ ရက်နေ့မှာထွက်တဲ့ ထိုင်းချဲထီက ‘019’ ဖြစ်နေလို့ ပတ်လည်ထိုးလိုက်ရင် ထီပေါက်မဲ့ ဂဏန်းဖြစ်လာပါတယ်။

ဒါကြောင့်မို့ ဘေးတွဲဆိုင်ကယ်ပေါ်မွေးတဲ့ မြန်မာကလေးက ချဲဂဏန်းပေးတယ်ဆိုပြီး ထိုင်းဒေသခံတွေက ကျေးဇူးတင်နေကြပါတယ်။