ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦး ‌ဘေးတွဲဆိုင်ကယ်ပေါ်တွင် ကလေးမွေး

0
2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် မြန်မာအမျိုးသမီးကိုယ်ဝန်ဆောင်တစ်ဦးသည် ဗိုက်နာသဖြင့် ဆေးရုံသို့သွားရာ လမ်းခုလတ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်၌ ကလေးမွေးဖွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မေလ ၁ ရက်နေ့တွင် ဗိုက်နာလာသဖြင့် ကော့ခွန်းခေါင်ကျွန်းမှတစ်ဆင့် လှေဖြင့်လာပြီး ဘေးတွဲဆိုင်ကယ်ဖြင့် ကိုယ်ဝန်ရက်ချိန်းပေးထားသော တကူပါဆေးရုံးသို့ သွားရောက်ကြောင်း ဆိုသည်။

သွားရောက်စဉ် လမ်းခုလတ် ကျေးရွာတစ်ရွာအရောက်တွင် ဗိုက်ပိုနာပြီးနောက် ကလေးဦးခေါင်း စတင်ထွက်လာခဲ့သည်ကို တွေ့ရှိခဲ့သဖြင့် ဆိုင်ကယ်ကို ရပ်တန့်ပေးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ထို့နောက် ရွာလူကြီးနှင့် ရွာသူရွာသားများကို အကူညီတောင်းခံခဲ့ပြီး ကလေးမွေးဖွားရန်အတွက် မြန်မာအမျိုးသမီးကို ကနဦးပြုစုကုသပေးကြကာ ဆေးရုံရှိ ဆရာဝန်နှင့် သူနာပြုများထံသို့ အကြောင်းကြားပေးခဲ့ကြကြောင်း ဖော်ပြသည်။

 မိနစ် ၃၀ ခန့်အကြာတွင် မြန်မာအမျိုးသမီးသည် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ဆိုသည်။

ကလေးမှာ ယောက်ျားလေးဖြစ်ပြီး ၆ ပေါင်ကျော်ရှိနေကာ ကလေးရောမိခင်ပါ ကျန်းမာရေးကောင်းမွန်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 မြန်မာအမျိုးသမီးသည် အသက် ၃၅နှင့် ၄၀ နှစ်ကြား ဝန်းကျင်အရွယ်ရှိပြီး ကိုယ်ဝန် ၉ လရှိနေပြီဖြစ်ကာ ဆေးရုံက မေလ ၆ ရက်နေ့တွင် မွေးဖွားရန် ရက်ချိန်းပေးထားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာအမျိုးသမီးစီးလာသော ဘေးတွဲဆိုင်ကယ်နံပါတ်မှာ ၁၀၉ ဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ယမန်နေ့ ထိုင်းထီပေါက်စဉ်မှာ ၀၁၉ ထွက်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။

ပြီးခဲ့သည့် မတ်လကလည်း အယုဒ္ဓယခရိုင်တွင် မြန်မာအမျိုးသမီးကိုယ်ဝန်ဆောင်တစ်ဦးသည် ဗိုက်နာသဖြင့် အိမ်သာသွားရာမှ အိမ်သာအတွင်း ကလေးမွေးဖွားခဲ့သေးသည်။

Ref: MGR Online, News Workpoint 23