သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး အသတ်ခံရ

0
2469

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး ဧပြီလ ၁၃ ရက်ညပိုင်းက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။

သင်္ကြန်အကြိုနေ့ ည ၇ နာရီခွဲခန့်တွင် ကိုဆံရှည်နှင့် ဒေါ်သောင်းအေးကို လက်နက်ကိုင် အဖွဲ့တစ်ခုက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအပြင်ဘက်က သုဿန်တွင် ပစ်သတ်ထားခဲ့သည်ဟု ယင်းကျေးရွာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွေးကောက်ပွဲလုပ်ဖို့ မဲစာရင်းတွေလိုက်ကောက်တုန်းက သူတို့ကထိပ်ဆုံးကပါတယ်” ဟု ၎င်းက ဆိုသည်။

ကိုဆံရှည်မှာ အသက် ၄၅ နှစ်ခန့်ရှိမည်ဖြစ်ပြီး ဒေါ်သောင်းအေးမှာ အသက် ၅၅ နှစ်ခန့်ရှိမည်ဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယင်းအမျိုးသားနှင့် အမျိုးသမီးကို မည်သည့်အဖွဲ့က မည့်သည့်အတွက်ကြောင့် ပစ်သတ်သည်ကို မသိရသေးပေ။