ထားဝယ်တွင် မနက်ဖြန် ငါးနာရီကြာ မီးပြတ်မည်

0
435

ထားဝယ်မြို့နယ်အတွင်း မနက်ဖြန် (မတ် ၆) နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ငါးနာရီကြာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။

၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့တပ်ဆင်ရန်အတွက် ငါးနာရီကြာ လျှပ်စစ်မီးဖြတ်တောက်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဓာတ်အားသုံးစွဲမူ ဝန်များလာသဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းအသစ်တစ်ခု တိုးချဲ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် အခြေခံလျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့် သုံးစွဲနေချိန် တနင်္သာရီတိုင်းနေ ပြည်သူတို့မှာ ၎င်းတို့ထက် ရှစ်ဆကျော် ဈေးပိုပေးပြီး သုံးစွဲနေရသည်။

လက်ရှိထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်ကို ၂၈၃ ကျပ်ဖြင့် သုံးစွဲနေရသည်။ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင်မူ ယင်းထက် ဈေးပိုပေးပြီး သုံးစွဲနေကြရသည်။