လောင်းလုံးမြို့ ပေါ် အုပ်ချုပ်ရေးမှုးရုံးတွင် ပေါက်ကွဲမှုဖြစ်

0
174
လောင်းလုံးမြို့ ပေါ် အုပ်ချုပ်ရေးမှုးရုံး တွင် ပေါက်ကွဲမှုဖြစ်

လောင်းလုံးမြို၊ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှုရုံးတွင် စက်တင်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ 

ယနေ့နံက် ၅ နာရီခွဲဝန်းကျင်ခန့်တွင် ပေါက်ကွဲသံကြားရပြီးနောက် ယင်းပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင်တပ်ဆင်ထားသော မှန်ချပ်များ နဲ့ အပျက်အစီး အချို့တွေ့ရကြောင်း  ဒေသခံတစ်ဦးကပြောသည်။ 

“အသံကတော့တစ်ချက်တည်းဘဲ တော်တော်ကြမ်းတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ 

အဆိုပါပေါက်ကွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်တာမှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့မှ ဆယ်မိုင်ကျော် အကွာတွင် ရှိသော လောင်းလုံးမြို့သည် က၊ ခ၊ ဂ၊ ဃ ရပ်ကွက် လေးခုဖြင့် ဖွဲ့စည်းထားသည်။

လောင်းလုံးမြို့နယ်တွင် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ နေစဉ်နီးပါး ရှိနေသည်။