မြိတ်သတင်းထောက် ကိုဇော်မိုးဦး ပြန်လွတ်

0
144
မြိတ်သတင်းထောက် ကိုဇော်မိုးဦး ပြန်လွတ်

Eleven မီဒီယာ၏ မြိတ်အခြေစိုက် သတင်းထောက် ကိုဇော်မိုးဦး ယနေ့နေ့လယ်ပိုင်းတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။

ဒီကနေ့ စက်တင်ဘာလ ၃ ရက် နေ့လည် ၁၂ နာရီကျော်တွင် ပြန်လွှတ်လာပြီဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အဆိုပါမိသားစုဝင်ကပြောသည်။

“အားလုံးကောင်းကောင်း မွန်မွန်ပဲအိမ်ပြန်ရောက်နေပါပြီ။  အခုသူက အနားယူ(အိပ်နေ)လို့ပါ”ဟု ၎င်းကပြောသည်။

ကိုဇော်မိုးဦးကို စက်တင်ဘာလ ၁ ရက်နေ့ နံက် ၁ နာရီ ၃၀ အချိန်က စစ်သားနှင့်ရဲများမှ မေးမြန်းရန်ဟုဆိုကာ လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်သည်။

ကိုဇော်မိုးဦး ပြန်လွှတ်လာသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး အသေးစိတ်ကိုမူ မသိရသေးပေ။

ကိုဇော်မိုးဦးသည် Eleven သတင်းဌာနတွင် လက်ရှိလုပ်ကိုင်နေပြီး ထုံးဖိုလူငယ်များ နာရေးကူညီမှုအသင်းတွင်လည်း လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်သည်။