ရှေ့နေများထံ ဆက်သွယ်ပါ

0
148
Dawei Watch, Dawei News, Dawei News Media

လက်ရှိဖြစ်စဉ်များတွင် မတရား ဖမ်းဆီးခံရပါက ထားဝယ်ရှေ့နေကွန်ရက်ထံ ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

သပိတ်မှောက်ဆန္ဒပြရာတွင်လည်းကောင်း၊ အလုပ်မဆင်းဆန္ဒထုတ်ဖော်ရာ တွင်လည်းကောင်း အဖမ်းခံရပါက ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်၏ တာဝန်ခံက ဆိုသည်။

ရှေ့နေချုပ်ရုံးမှ ပြဋ္ဌာန်းထားသည့် “မျှတသော တရားခွင်ဆိုင်ရာအခွင့် အရေးများ” စံနှုန်းအတိုင်း ဖမ်းဆီး ခံရချိန်မှ တရားရုံးအထိ အခမဲ့လိုက်ပါကူညီပေးမည်ဖြစ်ကြောင်း ယင်း တာဝန်ခံက ပြောသည်။

“လူတွေရဲ့ လွတ်လပ်စွာဆန္ဒထုတ် ဖော်ခွင့်ကို ကန့်သတ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မညီဘဲနဲ့ ဖမ်းဆီးထိန်းသိမ်းခံရ တဲ့ဟာတွေ ဒီလိုအမှုတွေအတွက် လိုက်ပေးတာပါ” ၎င်းက ဆိုသည်။

ယင်းသို့ လိုက်ပါကူညီရန် ရှေ့နေ ဆယ်ဦးခန့်စုဖွဲ့ထားကြောင်း တရား လွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။

“ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီတဲ့ကိစ္စတွေ ကြားသိမြင်တွေ့နေရတာ ဖြစ်တဲ့အတွက် ကူညီဖို့ဆုံးဖြတ်ရ ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်အပြင် မြိတ်နှင့် ကော့သောင်းခရိုင် ရှေ့နေများကလည်း ကူညီရန် ပြင်ဆင်နေသည်ဟု သိရကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

မတရားဖမ်းဆီးထိန်သိမ်းခံရပါက ဝ၉၄၂၂၁၉၆၅၈၈၊ အရေးပေါ်ဖုန်း ဝ၉၄၅၀၉၉၀၂၃၈ တို့ကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။