တစ်ပတ်စာ ဗေဒင် (၈- ၂- ၂၀၂၁ မှ ၁၄- ၂-၂၀၂၁ ထိ)

0
572
Bay-Din

တနင်္ဂနွေ
ဘုရားဖူးခရီးများ သွားရမည်။ အမွေအနှစ်များ ရရှိတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ သို့သော် လုပ်ငန်းများ ထပ်မတိုးချဲ့သင့်ပါ။ ယာဉ်ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုပါနှင့်။ အင်တာဗျူး၊ စာမေးပွဲဖြေဆိုထားသူများ ရလဒ်ကောင်းရမည်။ မေတ္တာရေးသည် ကား နေရပ်အလာ နေပူကစောင့်နေရသလိုမျိုး ဖြစ်ရတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းဆီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ဝ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ္စာပန်းအဖြူရောင်တစ်စည်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ
နိုင်ငံရပ်ခြားနှင့်ဆက်စပ်သောကိစ္စများ အဆင်ပြေမည်။ ငွေကြေးနှင့်ပတ်သက်၍ အခက်အခဲ ဖြစ်နေသူများ ပြေလည်သွားမည်။ မိမိဖြစ်ချင်သော ဆန္ဒများဖြစ်လာမည်။ သို့သော် မိတ်ဆွေများနှင့် ကတောက်ကဆဖြစ်တတ်သည်။ တယ်လီဖုန်းပျက်လျှင် အသစ်မဝယ်ဘဲ ပြင်သုံးပါ။ မေတ္တာရေးသည်ကား ချစ်သူကို ရဲရဲဝံ့ဝံ့မေတ္တာများဖွင့်ပြောလိုက်ပါ။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ဝ၊ ၅၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ ငှက်ပျောသီး ၃ လုံးကို အခွံနွှာပြီး ဘုရားဆွမ်းတော်
ကပ်လှူပါ။

အင်္ဂါ
ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ စိတ်အနှောင့်အယှက်တစ်ခု ကြုံရတတ်သည်။ လုပ်ငန်းများ ပြေလည်သွားမည်။ ခရီးတစ်ခုသွားရတတ်သည်။ ငွေကြေးများစွာဝင်လာမည်။ မြေရောင်းချမည့် ကိစ္စများအဆင်ပြေမည်။ မိတ်ဆွေများနှင့် သဘောထားကွဲလွဲတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်ပျော်ရွှင်စရာကမ္ဘာတစ်ခု တည်ဆောက်နိုင်မည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ ဇီးရောင်၊ နက်ပြာရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ဝ ပါသော ဂဏန်းများ
ယတြာ ။ ။ ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းလှူပါ။

ဗုဒ္ဓဟူး
လုပ်စရာရှိသည်များကို မတွေဝေဘဲ ဆောင်ရွက်သင့်သည်။ မြေဝင်မည်။ ခရီးတစ်ခုသွားရ တတ်သည်။ ထီ ကံစမ်းပါ။ လုပ်ငန်းများအောင်မြင် အဆင်ပြေမည်။ စိတ်ချမ်းသာမှု ရရှိမည်။ ဘာသာရေးအဓိဋ္ဌာန်များ မုချအဆင်ပြေမည်။ သွေးတိုး၊ နှလုံးကျန်းမာရေးသတိပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ရှေ့ခရီးလမ်းက ပန်းခင်းလမ်းလေးပင်ဖြစ်ပါသည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၅၊ ၁၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ ။ ။ ကိတ်မုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
လုပ်ငန်းသစ်များ စတင်လုပ်ဆောင်သင့်သည်။ တီဗွီတစ်လုံး ဝင်မည်။ ခရီးတစ်ခု သွားရမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးတတ်သည်။ ငွေကြေးများစွာ ဝင်လာမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ဆီး၊ ကျောက်ကပ်ရောဂါများ သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့် ကာလဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၇၊ ၅၊ ဝ ပါသော ဂဏန်းများ
ယတြာ ။ ။ သစ်ခွပန်းကိုမွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

သောကြာ
ခရီးတစ်ခု သွားရမည်။ ကြုံတွေ့နေရသောပြဿနာကိစ္စများ ပြေလည်သွားမည်။ မိတ်ဆွေ များနှင့် စိတ်ဝမ်းကွဲရတတ်သည်။ စက်ပစ္စည်းများ မဝယ်သင့်သေးပါ။ လုပ်ငန်းများ အောင်မြင်မည်။ မိမိအိမ်ရှိ အသက်ကြီးသူလူကြီးများ ကျန်းမာရေးဂရုပြုပါ။ ဝမ်းဗိုက်၊ ရင်ဘတ်၊ အစာအိမ် ကျန်းမာရေးဂရုစိုက်ပါ။ မေတ္တာရေးသည်ကား နီးလျက်နဲ့ ဝေးနေရဦးမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ၅၊ ၁၊ ၉ ပါသော ဂဏန်းများ
ယတြာ ။ ။ ငါးများကို ဘေးမဲ့လွှတ်ပါ။

စနေ
ငွေကြေးများစွာ ဝင်လာမည်။ နိုင်ငံရပ်ခြား ခရီးသွားမည့်ကိစ္စများအဆင်ပြေမည်။ တယ်လီဖုန်းဝင်ခြင်း၊ ရွှေဝယ်ခြင်းကိစ္စများဖြစ်မည်။ သတင်းကောင်းများ ကြားရတတ်သည်။ စက်ပစ္စည်းတစ်ခု ထွက်မည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေးကိစ္စများ အေးစက်နေမည်။ မေတ္တာရေးသည်ကား သူတစ်ပါးအားကျသော အချစ်ရေးမျိုး ပိုင်ဆိုင်ရမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ခဲရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ ။ ။ ၂၊ ဝ၊ ၇၊ ၁ ပါသော ဂဏန်းများ
ယတြာ ။ ။ လိမ္မော်သီးကို အခွံနွှာပြီး မွေးနေ့၌ ဘုရားဆွမ်းတော် ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ