တိုင်းကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ဘယ်သူလဲ

0
291
အငြိမ်းစား တိုင်းတရားသူကြီးချုပ် တစ်ဦးဖြစ်သူ ဦးတင်အောင်

တပ်မတော်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌအဖြစ် အငြိမ်းစား တိုင်းတရားသူကြီးချုပ် တစ်ဦးဖြစ်သူ ဦးတင်အောင်ကို ရွေးချယ်ခဲ့သည်။

တိုင်းကောင်စီဥက္ကဋ္ဌအား ဝန်ကြီးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အပ်နှင်းထားသည်။
ဦးတင်အောင်မှာ တနင်္သာရီတိုင်းတွင် အခြေချနေထိုင်လာသည်မှာ ဆယ်စု နှစ်တစ်ခုခန့် ကြာနေပြီဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် တရားသူကြီးအဖြစ် တနင်္သာရီတိုင်းသို့ ရောက်ရှိလာ ပြီးနောက် ၂၀၁၁ ခုနှစ်တွင် တိုင်းတရား လွှတ်တော် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း ဦးတင်အောင်က ဆိုသည်။

ယင်းနောက် ၂၀၁၆ ခုနှစ်တွင် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ရာထူးတိုးသွားပြီး ၂၀၂၀ ပြည့်နှစ် မေလတွင် အငြိမ်းစားယူခဲ့သည်။

ဘောလုံးကွင်းပြင်ဆင်နေမှုကို ကြည့်ရှုနေသော ဦးတင်အောင်ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားရင်ပြင်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က တွေ့ရစဉ်။
ဘောလုံးကွင်းပြင်ဆင်နေမှုကို ကြည့်ရှုနေသော ဦးတင်အောင်ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားရင်ပြင်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က တွေ့ရစဉ်။

၎င်းတရားသူကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်က တိုင်းတရားလွှတ်တော် တရားသူကြီးနှစ်ဦးနှင့်အတူ “လာဘ်မစားဘဲ သန့်ရှင်းစွာတာဝန်ထမ်း ဆောင်မည်” ဟု အချင်းချင်း ကတိ ကဝတ်ပြု လက်မှတ်ထိုးခဲ့သည်။

အဆိုပါအချက်ကြောင့်လည်း ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်သည်ဟု ယူဆကြောင်း ဦးတင်အောင်က တနင်္သာရီအပတ်စဉ်သို့ ပြောကြားသည်။

“ရိုးရိုးသားသားနဲ့ လာဘ်မစားဘဲနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာကို ကိုယ့်ဟာကိုယ်ပြောရဲတယ်ပေါ့နော်။ အဲဒါလေးတစ်ခုပါပဲ” ဟု ဦးတင်အောင် က ပြောသည်။

လက်ရှိတွင် တိုင်းအစိုးရအဖွဲ့ရုံး (ကောင်စီရုံး) တက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီတွင် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးတစ်ဦး၊ ဒေသကိုယ်စားပြုသူ ၁ ဦး သို့မဟုတ် ၂ ဦး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးတို့က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပြီး တိုင်းအုပ်ချုပ်ရေးမှူးက အတွင်းရေးမှူးအဖြစ် တာဝန်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။