တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၁၁ ဦးတိုး

0
144

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၁ ဦးတိုးလာကြောင်း တိုင်းဒေသကြီးပြည် သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၇၆၇ ဦးရှိပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အတည်ပြုလူနာ ၇၇၈ ဦးရှိလာပြီး ဆေးရုံတက်ကုသနေသူ ၁၃ ဦးရှိကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။

တစ်ပတ်အတွင်း အတည်ပြုလူနာ သစ် ၁၁ ဦးတိုးလာခြင်းဖြစ်ပြီး ယခင် အပတ်များကထက် ကိုဗစ်အတည်ပြု လူနာသစ်တွေ့ရှိမှုများနည်းလာသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ်တွေ့ရှိမှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေ ဆိုသူနှင့် လက်ခံဖြေကြားသူမရှိပါ။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၀၉၂၇ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၁၂၆၃၈၄ ဦးနှင့် သေဆုံးသူလူနာမှာ ၃၁၆၀ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဖေဖော်ဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။