လောင်းလုံးဘုရားလှည့်ပွဲ မကျင်းပဖြစ်

0
230
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့တွင် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် ဘုရားကိုးဆူ ဒေသစာရီ လှည့်လှည်ပူဇော်ပွဲကို မကျင်းပဖြစ်တော့ကြောင်း ဘုရားပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ဘုရားကိုးဆူလှည့်လည်ပွဲ ကျင်းပရန်အတွက် မြို့နယ်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း အထက်ပါကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

ထိုကဲ့သို့ ခွင့်မပြုရခြင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လူဦးရေ ၃၀ ဦးထက်ပို၍ မစုဝေးရဆိုသည့် အမိန့်ကြောင့်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

လောင်းလုံးဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းနိုင်ကမူ အစဉ်အလာမပျက်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်း ကြီးဌာန ညွန်ကြားချက်များကိုလိုက်နာပြီး ရပ်ကွက်အလိုက် ဘုရားပူဇော်ခွင့်ရလိုကြောင်းပြောသည်။

ထားဝယ်ခရိုင်ရှိ ကျေးရွာအချို့တွင်လည်း အကျဉ်ရုံးပြီး ဘုရားလှည့်ပွဲများကို ကျင်းပသည်များလည်း ရှိသည်။

လောင်းလုံးမြို့နယ် ဘုရားကိုးဆူ လှည့်လည်ပွဲသည် နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပခြင်း ဖြစ်သည်။

ယခုနှစ်တွင် ထားဝယ်မြို့ နှစ်ကျိတ်ရှစ်ဆူ ဘုရားလှည့်ပွဲလည်း ကျင်းပဖြစ် မည်မဟုတ်ကြောင်း ဘုရားကြီးဂေါပက အဖွဲ့က ထုတ်ပြန်ထားသည်။

ဟိဏ်းဇော်