သွားပိုးစား၊ သွားဖုံးရောင် ကာကွယ်နိုင်ဖို့

0
1106

အဖြစ်များသော သွားနှင့် ခံတွင်း ရောဂါများဖြစ်တဲ့ သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေဟာ သွားနဲ့သွားဖုံးမှာ ဘတ်တီးရီးယား ပိုးများဝင်ရောက်ရာကနေ ဖြစ်ပါတယ်။

ဘက်တီးရီးယား ပိုးတွေဟာ အစားအစာထဲက သကြားဓာတ်ကို အက်စစ်ဓာတ်အဖြစ် ပြောင်းလဲစေပြီး သွားထဲက ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တို့ကို ပျော်ဝင်စေတယ်။ ဒါကြောင့် သွားမှာ အပေါက်များဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။

သွားပိုးစားတာ၊ သွားဖုံးရောင်တာ တွေကနေတစ်ဆင့် သွားဖုံးမှာ ပြည်တည်တာ၊ မေးရိုးနဲ့ မျက်နှာရောင်ရမ်းတာတွေ ဖြစ်စေပြီး အချိန်မီကုသမှု မခံယူဘူးဆိုရင် အသက်သေစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

အဲလိုမဖြစ်အောင် ဘာတွေလုပ်ဖို့ လိုပါသလဲ။

၁) တစ်နေ့နှစ်ကြိမ် စနစ်မှန်မှန် သွားတိုက်တာ၊ အချိုများတဲ့ သရေစာတွေ လျှော့စားတာက သွားပိုးစားခြင်းနှင့် သွားဖုံးရောင်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

၂) စနစ်မှန်သွားတိုက်ရာမှာ သွား တိုက်တံသုံးပြီး ဖလိုရိုဒ်ပါတဲ့ သွားတိုက် ဆေးနဲ့ တစ်နေ့နှစ်ကြိမ် (နံနက်စာ စားပြီး ချိန်နှင့် ညအိပ်ရာ မဝင်မီ) သွားတိုက်ရမှာ ဖြစ်ပါတယ်။


၃) သွားတိုက်ရာမှာ သွားတိုက်တံ အမျှင်တွေကို သွားဖုံးအစပ်ကနေ သွားဘက်သို့ဆွဲ၍ အပေါ်သွား၊ အောက်သွား၊ ရှေ့သွား၊ နောက်သွား အတွင်းအပြင် သွားမျက်နှာပြင်နဲ့ သွားကြိုသွားကြား မကျန် တိုက်ပါ။


၄) သွားတိုက်လေ့မရှိသူများ သွားစတိုက်တဲ့အခါ သွေးထွက်လေ့ရှိပါတယ်။ မစိုးရိမ်ပါနဲ့။ တစ်နေ့နှစ်ကြိမ် ပုံမှန် သွားတိုက်ရင် တစ်ပတ်အတွင်း သွားဖုံးကနေ သွေးထွက်တာ ပျောက်ကင်းနိုင် ပါတယ်။

၅) ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေး အာနိသင်လျော့မသွားစေဖို့ သွားတိုက်အပြီး ရေနဲ့ ပလုပ်ကျင်းမလိုဘဲ ပိုနေသော သွားတိုက်ဆေးအမြှုပ်များကို ထွေးပစ်ရန်သာ ဖြစ်ပါတယ်။

၆) အသက် သုံးနှစ်အောက်ကလေးများ တစ်နေ့တစ်ကြိမ်၊ အသက်သုံးနှစ်ကျော်လျှင် တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ လျှာကိုပါ တိုက်ပေးပါ။

၇) အသက်ခြောက်နှစ်အောက် ကလေးများ သွားတိုက်ရာမှာ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို ကုလားပဲစေ့ တစ်ခြမ်းခန့်သာ ထည့်ပါ။ အသက်ခြောက်နှစ်အောက် ကလေးများ သွားတိုက်ခြင်းကို မိဘ၊ အုပ်ထိန်းသူများက ပြုလုပ်ပေး (သို့မဟုတ်) ကြီးကြပ်ပေးပါ။

၈) သွားတိုက်တံကို မျှဝေမသုံးရ။

၉) သွားတိုက်တံ တစ်ချောင်းကို ၃ လထက်ပို မသုံးပါနှင့်။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန