လောင်းလုံးတွင် ရည်းစားစကားပြောရာမှ ဓားဖြင့်ခုတ်

0
2182

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ရည်းစားစကားပြောရာမှ အမျိုးသမီးတစ်ဦး ဓားဖြင့် ခုတ်ခံရကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကဒက်ငယ်ထိန်ကျေးရွာတွင် ဇူလိုင်လ ၂ ရက်နေ့က အသက် ၂၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ၃၃ နှစ် အရွယ်ရှိ အမျိုးသားက လက်ကိုဆွဲကာ ရည်စားစကားပြောခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ရည်းစားစကားပြောခံရသည့် အမျိုးသမီးက ယင်းအမျိုးသားကို ချိုးနှိမ် ပြောဆိုခဲ့သည်ဟုဆိုကာ အမျိုးသားက အမျိုးသမီး၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ပြီး ဓားဖြင့်ခုတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါ အမျိုးသားကို သက်ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မများဖြင့် လောင်းလုံးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

လောင်းလုံး နှစ်လောင်းပြိုင် လူသတ်မှု အချက်အလက်အချို့ရထားပြီး ဟုဆို