လယ်ထဲဆင်းလမ်း ပိတ်ထားသည့်ကိစ္စ အမြန်ဆုံးလာစစ်ပေးပါ

0
405

လယ်ထဲဆင်းလမ်း ပိတ်ထားသည့်ကိစ္စ အမြန်ဆုံးလာစစ်ပေးပါ လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာရှိ ၁၅၄/သားကောင်း ကွင်းဆင်းလမ်းကို ပိတ်ထားသည့်ကိစ္စအား အမြန်ဆုံးလာရောက်စစ်ဆေးပေးရန် လယ်သမားအချို့ကလိုလား နေကြသည်။

အဆိုပါးလမ်းကို လယ်မြေပေါ်မြေဖို့ပြီး စားသောက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပိတ်ထားခြင်းကြောင့် လယ်ထဲဆင်းရန် အခက်တွေ့နေကြသော လယ်သမားနှစ်ဆယ်နီးပါးက လက်မှတ်ရေးထိုးကာ ဇွန်လ ၁၅ ရက်စွဲဖြင့် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးကို စာပို့တိုင်ကြားထားသည်။

ယင်းတိုင်ကြားမှုအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် လမ်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရန် ဇွန်လ ၁၆ ရက်ကတည်းက မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း တိုင်ကြားထားသည့် လယ်သမားတစ်ဦးက ပြောသည်။

သို့သော် ဇွန်လ ၂၀ ရက်အထိ လာရောက်စစ်ဆေးခြင်းမရှိဘဲ လမ်းမှာ လည်း ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းလယ်သမားက ပြောသည်။

ယင်းသို့အချိန်ကြာနေသဖြင့် လယ်သမားအချို့မှာ အခြားလယ်သမားပိုင် လယ်မြေကိုဖြတ်ပြီး လယ်ထဲဆင်းနေရသဖြင့် အချင်းချင်းပြဿနာဖြစ်ပွားနေခြင်း၊ အချို့မှာ လယ်ထဲမဆင်းနိုင်ဘဲ အခက်အခဲဖြစ်နေသဖြင့် သက်ဆိုင်ရာမှယင်းကိစ္စကို အမြန်ဆုံးလာရောက် စစ်ဆေးပေးရန် တိုင်းကြားထားသည့် လယ်သမားများက လိုလားနေခြင်းဖြစ်သည်။

လမ်းပိတ်ထားသည့် စားသောက်ပိုင်ရှင်ကမူ တတ်နိုင်သလောက်လိုက် လျောပေးထားပြီး ဖြစ်သည့်အပြင်၊ လယ်ထဲဆင်းမည့်နေရာကိုလည်း အခြားနေရာကို ပြောင်းရွှေ့နိုင်ကြောင်းနှင့် တိုင်ကြားမှုရှိပါကလည်း ရင်ဆိုင်ဖြေရှင်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ကျော်သူစိုး