ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
682

၁၅-၆-၂၀၂၀ မှ ၂၁-၆-၂၀၂၀ထိ

တနင်္ဂနွေ
ဘာပဲလုပ်လုပ် လုပ်ငန်းများအဆင်ပြေမည့်ကာလဖြစ်သည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း မီးဖို၊ မီးပူအိုး မဝယ်ပါနှင့်။ အိမ်ပြုပြင်ခြင်း၊ အလှူအတန်းပြုလုပ်ခြင်းများ ဆောင်ရွက်ရတတ်သည်။ ငွေကြေး အဝင်နည်းနေဦးမည်။ လည်ချောင်း၊ အဆုတ် သတိထား ပါ။ မေတ္တာရေးသည်ကား အဆင်ပြေသလိုလိုနှင့် အဆင်မပြေ ဖြစ်တတ်သည်။
အကျိုပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
တယ်လီဖုန်းတစ်လုံး ဝင်မည်။ စီးပွားရေးတစ်ခုစလုပ်လျှင် မုချအဆင်ပြေမည်။ ဆွေမျိုး သားချင်းများ ကူညီမစမှုခံရမည်။ ငွေကြေးနှင့်ပတ်သက်၍ အထွက်များနေတတ်သည်။ သားသမီးရတနာများ ရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနားလည်အောင် ကြိုးစား ရဦးမည်။
အကျိုပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ဒူးရင်းသီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
အလုပ်အကိုင်နှင့်ပတ်သက်၍ အောင်မြင်အဆင်ပြေမည်။ ထီ ကံစမ်းပါ။ ပညာသင် စာမေးပွဲ ဖြေမည့်ကိစ္စ အဆင်ပြေမည်။ သတင်းစကားကောင်းများ ကြားရတတ်သည်။ မြေရောင်း ဝယ်မည့်ကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းပါ။

ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

ဗုဒ္ဓဟူး
မြေ ဝင်မည်။ လူမျိုးကွဲများ ကူညီမစမည်။ သင်တန်းတက် စာမေးပွဲဖြေမည့်ကိစ္စများ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ ဆိုင်ကယ်၊ ယာဉ် မတော်တဆ ထိခိုက်မိတတ်သည်။ လုပ်ငန်းနှင့်ပတ်သက်၍ ခပ်အေးအေး ဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်တွဲများခိုင်မြဲနေမည်။
အကျိုပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အဝါရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ပိန္နဲသီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
သင်အထူးကံကောင်းသောကာလ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းကိစ္စများ အဆင်ပြေမည်။ စာမေးပွဲ သင်တန်းကိစ္စများ အဆင်ပြေမည်။ သားသမီးရတနာများ ရရှိတတ်သည်။ ဝင်ငွေကတော့ နည်းနေဦးမည်။ သို့သော် ထီ ကံစမ်းပါ။ မေတ္တာရေးသည်ကား အနည်းငယ် ပင်ပန်းရတတ်သည်။
အကျိုပေးသော အရောင် – အနက်ရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ငှက်ပျောသီးကို အခွံနွှာပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
လုပ်ငန်းများ အောင်မြင်တိုးတက်မည့်ကာလ ဖြစ်သည်။ အိုးအိမ်ပြုပြင်ခြင်း၊ အလှူအတန်း ပြုခြင်းများ ဆောင်ရွက်ရတတ်သည်။ ယခုလအတွင်း နာရီ မဝယ်ပါနှင့်။ ရစရာရှိသောငွေများ ကြန့်ကြာနေတတ်သည်။ သွား၊ ခံတွင်းနှင့်ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေး သည်ကား စိတ်ပင်ပန်းရတတ်သည်။
အကျိုပေးသော အရောင် – အဝါရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အနောက်တောင်အရပ်
ယတြာ – ဒူးရင်းသီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ
ငွေကြေးများစွာ ဝင်မည်။ အကြံအစည်တစ်ခု ဆောင်ရွက်စရာရှိလျှင် ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါ။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုပေးသော အရောင် – အဝါရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – ခရမ်းရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ပန်းသီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ