ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
674

၈-၆-၂၀၂၀ မှ ၁၄-၆-၂၀၂၀ထိ

တနင်္ဂနွေ

အရေးကြီးကိစ္စ လုပ်ငန်းများ ယခုအချိန် ဆောင်ရွက်က အဆင်ပြေမည့်အခါ ဖြစ်သည်။ မည်သည့် ပြဿနာမဆို အလွယ်တကူ ဖြေရှင်းနိုင်မည်။ တယ်လီဖုန်းပျက်ခြင်း၊ လူလိမ်ခံ ရခြင်းများ သတိထားပါ။ ပညာသင်အင်တာဗျူးကိစ္စ အဆင်ပြေမည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ၄၊ ဝ၊ ၉ပါသော ဂဏန်းများ
ယတြာ – သစ်ခွပန်းကို ဘုရားပန်းကပ်လှူပါ။

တနင်္လာ

ရွှေထည်ပစ္စည်းများ ဝင်မည်။ တောင်အရပ်သို့ ခရီးသွားရတတ်သည်။ လာဘ်လာဘ တစ်ခု ဝင်မည်။ လုပ်ငန်းများ စတင်လုပ်ဆောင်အဆင်ပြေမည့် ကာလဖြစ်သည်။ မိမိအိမ်ရှိ မိခင်အဒေါ် ကျန်းမာရေး ဂရုပြုပါ။ မေတ္တာ ရေးသည်ကား ခပ်အေးအေးဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ဝ၊ ၅၊ ၁၊ ၇ ပါသော ဂဏန်းများ
ယတြာ – စပျစ်သီးကို အပ်စပ်အောင် ပြုပြီး ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ

ငွေကြေးများစွာ ဝင်လာမည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်မည်။ ပညာသင် သင်တန်း တက်ကိစ္စများ အောင်မြင်မည်။ လာဘ်လာဘများလည်း ပွင့်မည်။ အစားမှား၊ ဆေးမှား ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ – ဝ၊ ၂၊ ၇ ၊၁ ပါသော ဂဏန်းများ
ယတြာ – ဒူးရင်းသီး ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

မြေဝင်မည်။ အလုပ်အကိုင်၌ အခက်အခဲ ဖြစ်တတ်သည်။ ဘုရားဖူးခရီးသွားရမည်။ မတော်တဆ ထိခိုက်မှုလည်း ဖြစ်တတ်သည်။ ငွေကြေးများစွာ ဝင်လာမည်။ ယခုလအတွင်း ရွှေမဝယ်သင့်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် သံယောဇဉ် ခိုင်မြဲမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ – ၅၊ ၁၊ ဝ၊ ၇ပါသော ဂဏန်းများ
ယတြာ – ကိတ်မုန့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

မြေဝင်မည်။ ဘုရားဖူး ခရီးသွားရတတ်သည်။ လူချစ်လူခင်ပေါများမည်။ မိတ်ကောင်း ဆွေကောင်းများ ကူညီမစကြမည်။ အာရုံကြော မျက်စိအားနည်းတတ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍ အေးစက်နေတတ်သည်။မေတ္တာရေးသည်ကား ချစ်သူရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ဝ၊ ၅၊ ၇ပါသော ဂဏန်းများ
ယတြာ – သရက်သီးမှည့်ကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

တစ်ခုပြုရမည်။ စက်ပစ္စည်းဝင်မည်။ အရေးတကြီး ပြောဆိုရင်ဆိုင်ရမည့်ကိစ္စများ အဆင်ပြေမည်။ ယခုလအတွင်း နာရီမဝယ်သင့်ပါ။ ငွေကြေးချေးငှားခြင်း သတိထားပါ။ မိမိအိမ်ရှိ မိခင်အပေါ် ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသောအရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်းများ – ၂၊ ဝ၊ ၇၊ ၉ ပါသော ဂဏန်းများ
ယတြာ – စပျစ်သီးကို အပ်စပ်အောင် ပြုပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

ထီကံစမ်းပါ။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ စက်ပစ္စည်းတစ်ခုဝင်မည်။ နားကျန်းမာရေး ဂရုပြုပါ။ အလုပ်အကိုင်များ အဆင်ပြေပါမည်။ တယ်လီဖုန်းပျက်ခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား တစ်ခါမလွဲ အိုကေမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ဝ၊ ၇၊ ၄၊ ၁ပါသော ဂဏန်းများ
ယတြာ – နှင်းဆီအဝါ (၇)ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ