ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
601
Bay-Din

၄ – ၅ -၂၀၂၀ မှ ၁၀ – ၅ -၂၀၂၀ အထိ

တနင်္ဂနွေ

မြေ ဝင်မည်။ အိပ်မက်ကောင်းများ မက်မည်။ မိတ်ဆွေကောင်းများ ကူညီမစမှု ခံရမည်။ ကျန်းမာရေး ဂရုပြုရမည်။ သူခိုး၊ သူဝှက်များ သတိပြုပါ။ အလုပ်အကိုင်နှင့်ပတ်သက်၍ အေးစက်နေမည်။ မေတ္တာရေးသည်ကား မကြာခင်နီးစပ်ရန် ခဏတာဝေးနေရဦ်းမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ – ဘဲဥ၊ အသုပ်စုံ
ယတြာ – ပိန္နဲသီး ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ

အလုပ်လျှောက်ထားသူများ အလုပ်ရမည်။ အိုးအိမ်ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရ တတ်သည်။ မြေရောင်းဝယ်သည့်ကိစ္စများ အဆင်ပြေမည်။ စပ်တူရှယ်ယာကိစ္စများ မဆောင် ရွက်သင့်ပါ။ ကျန်းမာရေးသည်ကား အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရွှင်ရမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ ခရမ်းရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ ဇီးသီး
ယတြာ – စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

ယခုလ၌ ကား ဝယ်ခြင်း၊ လဲခြင်းများ မဆောင်ရွက်သင့်ပါ။ ဈေးဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရတတ်သည်။ အမွေအနှစ်များ ရရှိတတ်သည်။ TV၊ Aircon၊ ပန်ကာ စသော စက်ပစ္စည်းများ ဝင်မည်။ မိတ်ဆွေဟောင်းများ ကူညီစောင့်ရှောက်ကြမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေး သည်ကား ချစ်သူနှင့် နီးစပ်ရန်ကြိုးစားရဦးမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ – သင်္ဘောသီးသုပ်၊ ရွှေဖရုံသီး
ယတြာ – ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းပါ။

ဗုဒ္ဓဟူး

လုပ်ငန်းသစ်များ စတင်လုပ်ဆောင်ရတတ်သည်။ ယခုလ၌ မြေ မဝယ်သင့်သေးပါ။ သားသမီး ရတနာများ ရရှိတတ်သည်။ မိတ်ဆွေကောင်းများ ကူညီမစစောင့်ရှောက်ခြင်း ခံရမည်။ ခြေထောက် နာခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာ စိတ်ကောက်ရတတ်သည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – ကာကီရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ – ငါးချဉ်၊ ကောက်ညှင်း
ယတြာ – ပေါက်စီ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

တယ်လီဖုန်း ဝင်မည်။ သားသမီးရတနာများ ရရှိမည်။ မည်သည့် စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ လုပ်ငန်းများအောင်မြင်သော်လည်း အေးစက်စက်ဖြစ်နေမည်။ ဒူးနာ၊ အကြောရောဂါများ သတိ ထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ကြည်နူးရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အပြာရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ အသုပ်များ
ယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

ထီ(သို့) ထီနှင့်အလားတူ ငွေဝင်မည်။ အမျိုးသမီးတစ်ယောက်၏ ကူညီမစမှု ခံရမည်။ ပုလဲ၊ ကျောက် မျက်ရတနာများ ဝင်မည်။ လုပ်ငန်းကတော့ အေးစက်စက်ဖြစ်နေမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အညံ့မရှိပါ။ မေတ္တာရေးသည်ကား သင့်မေတ္တာတောင်းခံမှုကို ချစ်သူက ငြင်းပယ်လိမ့်မည်မဟုတ်ပါ။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ – ဘဲဥ၊ ဒူးရင်းသီး
ယတြာ – နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

စနေ

ဖုန်း မဝယ်ပါနှင့်။ လူမျိုးကွဲတို့ ကူညီမစမည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ ရွှေထည်ပစ္စည်းများ ပြုတ်ကျပျောက်ရှတတ်သည်။ လုပ်ငန်းကတော့ အဆင်ပြေပါလိမ့်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးလျက်နဲ့ ဝေးနေရဦးမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ ချဉ်ပေါင်
ယတြာ – မုန့်ဖက်ထုပ် ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ