တစ်ပတ်စာ ဗေဒင် (၁၄- ၂- ၂၀၂၁ မှ ၂၁- ၂-၂၀၂၁ ထိ)

0
633
Bay-Din

တနင်္ဂနွေ
မြေ ဝင်မည်။ နာရီ ဝင်မည်။ ရင်းနှီးမြှုပ်နှံထားသော ကိစ္စလုပ်ငန်းများ အဆင်ပြေမည်။ သင်အရေးတကြီး ဆုံးဖြတ်ရမည့်ကိစ္စများ မှားယွင်းတတ်သည်။ စကားအပြောအဆိုကြောင့် နားလည်မှုလွဲတတ်သည်မို့ ယခုကာလ သတိထားပါ။ ခြေထောက်၊ မျက်စိနှင့်ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ ကြားလေသွေးတတ်သော ကာလဖြစ်သည်။ ။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ မုန့်ဟင်းခါးတစ်ချိုင့်ကို ဘုန်းကြီးကျောင်းသွားလှူပါ။

တနင်္လာ
လူမျိုးကွဲတို့ အကျိုးပေးမည်။ လုပ်ငန်းများ အခက်အခဲကြုံရတတ်သည်။ မမျှော်လင့်သော အခွင့်အလမ်းကောင်းတစ်ခု ရတတ်သည်။ မင်္ဂလာစုံတွဲ ကံစမ်းပေးပါ။ ခရီးတစ်ခု သွားရမည်။ ရွှေထည်ပစ္စည်းများ ပြုတ်ကျပျက်စီးတတ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အစာအိမ် အူလမ်းကြောင်း ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား သောကတစ်ခဏ မေတ္တာထာဝရ ဖြစ်ပါမည်။
အကျိုးပေးသော အရောင် ။ ။ အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အပြာရောင်
မသွားသင့်သော အရပ် ။ ။ တောင်အရပ်
ယတြာ ။ ။ နဂါးမောက်သီးကို စိတ်ပြီးဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
ပန်ကာ၊ လေအေးပေးစက် စသည်တို့ဝင်မည်။ အိမ်ဆောက်ခြင်းကိစ္စများ အဆင်ပြေမည်။ မိတ်ဆွေကောင်းများ ကူညီမစမည်။ လုပ်ငန်းအခက်အခဲကြုံနေရသူများ ပြေလည်သွားမည်။ မြေကိစ္စ၊ အမွေကိစ္စများ စကားပြောရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ပညာရေးကိစ္စ အေးစက်နေမည်။ မေတ္တာရေးသည်ကား ဘဝကချိုချို အချစ်ကခါးခါး ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ ခရမ်းရောင်၊ ပြောက်ကျား
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။ စံပယ်ပန်း ၃ ကုံးကို ပန်းကန်ထဲထည့်ပြီးမွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
စီးပွားဥစ္စာတိုးမည့်ကာလ ဖြစ်သည်။ ငွေကြေးများစွာ ဝင်မည်။ သို့သော် ကားဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုရပါ။ သင်ကံကောင်းသောကာလသို့ ရောက်ရှိနေပါသည်။ လုပ်သမျှ ကိုင်သမျှ အဆင်ပြေနေမည်။ သင့်ဘက်က မိတ်ဆွေကောင်းများ ရှိနေလိမ့်မည်။ သို့သော် စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်ရေးဆိုထားသူဖြစ်က ယခုလအဆင်ပြေမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အနောက်မြောက်အရပ်
ယတြာ ။ ။ ကြက်မောက်ယိုကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ မိမိဘာပြောပြော ပြောသည့်စကားများ အောင်မြင်မည်။ ဥစ္စာဓနများ စုဆောင်းမိမည်။ မိမိအိမ်သားတစ်ဦး ခရီးသွားရတတ်သည်။ အင်တာဗျူး၊ ကျောင်းဝင်ခွင့်စာမေးပွဲဖြေဆိုထားသူများ အောင်မြင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့မြောက်အရပ်
ယတြာ ။ ။ ငှက်ပျောကြော် ၃ ခု ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
ခရီးတစ်ခု သွားရမည်။ အပ်ချုပ်စက်၊ ပန်ကာများ ယခုလအတွင်းမဝယ်ပါနှင့်။ စပ်တူရှယ်ယာ လုပ်ငန်းများ အခက်အခဲ ဖြစ်တတ်သည်။ တီဗွီ၊ ရေခဲသေတ္တာများ ဝင်မည်။ ငွေကြေး အဝင်နည်းနေတတ်သည်။ အိမ်တွင်းရေး သာယာပါမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်ပျော်ရွှင်စွာလက်တွဲခွင့်ရမည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် ။ ။ ပြောက်ကျား၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အနောက်တောင်အရပ်
ယတြာ ။ ။ သစ္စာပန်းတစ်စည်းကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ
လုပ်ငန်းနှင့်ပတ်သက်၍ မတိုးချဲ့သင့်သေးပါ။ ခရီးတစ်ခု သွားရမည်။ လူမျိုးကွဲတို့ ကူညီမစ မည်။ မိတ်ဆွေကောင်းများ အကျိုးပြုမည်။ ထီ(သို့) ထီနှင့်အလားတူ ငွေဝင်မည်။ မိမိ စိတ်အကြံအစည်များ အထမြောက်အောင်မြင်မည်။ အသက်ကြီးသူလူကြီးများ ကျန်းမာရေး ဂရုပြုပါ။ မြေရောင်းချလိုသည့်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်ရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် ။ ။ အရှေ့တောင်အရပ်
ယတြာ ။ ။နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ