တစ်ပတ်စာ ဗေဒင် (၁- ၃- ၂၀၂၁ မှ ၇- ၃-၂၀၂၁ ထိ)

0
1025
Bay-Din

တနင်္ဂနွေ
ကား မဝယ်သင့်သေးပါ။ သင့်လုပ်ငန်းများ အဆင်ပြေလာပါမည်။ ဆိုင်ဖွင့်ခြင်းကိစ္စများ ကောင်းသည်။ ငွေကြေးများစွာ ဝင်လာမည်။ ခရီးသွားမည့်ကိစ္စများ အခက်အခဲ ဖြစ်တတ်သည်။ အိမ်တွင်းရေးအနည်းငယ်သောက ရောက်ရတတ်သည်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ရံဖန်ရံခါ ခရောင်းတောလမ်းကို ကျော်ဖြတ်နေရတတ်သည်။ ။
အကျိုးပေးသော အရောင် ။ ။ နို့နှစ်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ ကြက်သွေးရောင်
မစားသင့်သော အစားအစာ ။ ။ မု့န်ဟင်းခါး၊ ရွှေဖရုံသီး
ယတြာ ။ ။ ဘုန်းကြီးကျောင်းသို့ မုန့်ဟင်းခါးတစ်ချိုင့်လှူပါ။

တနင်္လာ
နေရာဌာန ပြောင်းရွှေ့ရတတ်သည်။ လုပ်ငန်းများ အောင်မြင်မည်။ အိမ်ဝယ်ခြင်းကိစ္စများ ကောင်းပါသည်။ အမွေအနှစ်များ ရရှိတတ်သည်။ ပြဿနာတစ်ခု ကြုံရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေကတော့ဝင်သလောက်မမြဲဘဲ ဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေဦးမည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ ဝက်သား၊ ဆီထမင်း
ယတြာ ။ ။ ဥမပါသော နန်းကြီးသုပ်တစ်ပွဲ ဘုရားကပ်လှူပါ။

အင်္ဂါ
ခရီးတစ်ခု သွားရမည်။ မိတ်ဆွေကောင်းများကြောင့် အကျိုးကျေးဇူး ခံစားရတတ်သည်။ ငွေကြေးများစွာ ဝင်မည်။ ပြဿနာအမှုအခင်းများ ကြုံတွေ့ရတတ်သည်။ လုပ်ငန်းများအခက် အခဲဖြစ်နေတတ်သည်။ ကျန်မာရေး အညံ့မရှိပါ။ လူငယ်များ ပညာရေးအခွင့်အလမ်းတစ်ခု ပေါ်မည်။ မေတ္တာရေးသည်ကား ရှေးရေစက်က အကြောင်းဖန်လာသောအခါဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် ။ ။ ပန်းရောင်၊ ကာကီရောင်
မစားသင့်သော အစားအစာ ။ ။ စမူဆာ၊ ကောက်ညှင်း
ယတြာ ။ ။ ပရဟိတကျောင်း၌ လိုအပ်သည်များကို လှူပါ။

ဗုဒ္ဓဟူး
စက်ပစ္စည်းတစ်ခု ထွက်မည်။ ငွေကြေးများစွာ ဝင်မည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများ နှင့်ပြန်ဆုံရတတ်သည်။ မိမိအပေါ် အထင်အမြင်လွဲနေသူများ အမြင်မှန်ရလာမည်။ ဒူးနာ၊ အကြောတက် ဖြစ်တတ်သည်။ လုပ်ငန်းနှင့်ပတ်သက်၍ မတည်မငြိမ်ဖြစ်နေရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် သောကကင်းဝေး၍ ကြည်နူးချမ်းမြေ့ရပါမည်။
အကျိုးပေးသော အရောင် ။ ။ ပြောက်ကျား၊ အနီရောင်
အကျိုးမပေးသော အရောင် ။ ။ ခဲရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ ။ ။ ငါးသလောက်၊ ငါးချဉ်
ယတြာ ။ ။ လိမ္မော်သီး ၅ လုံးကို အခွံနွှာပြီး မွေးနေ့၌ ဆွမ်းတော် ကပ်လှူပါ။

ကြာသပတေး
တရားဓမ္မများ အားထုတ်ရတတ်သည်။ မြေ ဝင်မည်။ ဓနဥစ္စာ တိုးပွားမည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ မရေမရာဖြစ်ရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မိတ်ပျက်ဆွေပျက် ဖြစ်တတ်သည်။ ပညာရေးနှင့်ပတ်သက်၍ အခက်ခဲတစ်ခုကြုံရတတ်သည်။ မေတ္တာရေးသည် ကား ချစ်သူရတာထက် လွမ်းရတာကများနေမည်။
အကျိုးပေးသော အရောင် ။ ။ ခရမ်းရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အနီရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ ။ ။ ဥအမျိုးမျိုး၊ လက်ဖက်
ယတြာ ။ ။ မုန့်လုံးရေပေါ်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
သင့်အိမ်သို့ ရပ်ဝေးဧည့်သည်များလာလျှင် ကောင်းမွန်စွာ ကျွေးမွေးပါ။ ထီ ကံစမ်းပါ။ တန်ခိုးကြီးဘုရားပုံတော်များ ဝင်မည်။ သင်ကြံစည်သည့်ကိစ္စများ အားလုံးအောင်မြင်မည်။ ပြဿနာတစ်ခု ကြုံရတတ်သည်။ လူငယ်များပညာရေးအခွင့်အလမ်း ရလာမည်။ မေတ္တာရေး သည်ကား အဝေးတစ်ခဏသာဖြစ်ပေမဲ့ ဘဝခရီးလက်တွဲရပါမည်။
အကျိုးပေးသော အရောင် ။ ။ အဝါရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အညိုရောင်
မစားသင့်သော အစားအစာ ။ ။ အမဲသား၊ ငါးချဉ်
ယတြာ ။ ။ သီလရှင်တစ်ပါးကို လိုအပ်သည်များလှူဒါန်းပါ။

စနေ
စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ မိတ်ဆွေများ အကျိုးပြုကြမည်။ အခြေအနေကောင်း၍ ဘဝတိုးတက်မည့်အခါ ဖြစ်သည်။ မိမိရရန်ရှိသော ငွေကြေးများရလာမည်။ ဒူးနာ၊ အကြော တက်ဖြစ်တတ်သည်။ သင်တန်းတက်ပညာသင်ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည် ကား စန်းပွင့်နေသောအခါ ဖြစ်သည်။
အကျိုးပေးသော အရောင် ။ ။ အနက်ရောင်၊ ငွေရောင်
အကျိုးမပေးသော အရောင် ။ ။ အပြာရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ ။ ။ မျှစ်၊ ငါးချဉ်
ယတြာ ။ ။ ရွှေရင်အေးမုန့်ကို မွေးနေ့၌ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ