ကိုဗစ် ကာကွယ်နှိမ်နင်းရေးနဲ့ ပိုးသတ်ဆေးဖျန်းခြင်း

0
797

ကိုယ်တွေ့ ကာကွယ်ဆေးဖြန်းခြင်း အကြောင်း

ဧပြီလဆန်းစ ညနေစောင်းလေး တစ်ခုမှာ ရပ်ကွက်ထဲက အရန်မီးသတ် တပ်ဖွဲ့ဝင်အချို့ အပြေးအလွှား ဆိုသလို “အိမ်တံခါးတွေ ပိတ်ကြပိတ်ကြ၊ ဆေးဖျန်းမယ်”လို့ အော်ဟစ်ပြီး ရှေ့က ပြော ပြောဆိုဆို ပြေးသွားတယ်။ ကိုယ်တွေ ဖက်ကလည်း ဘာတွေများ ထူးခြားပါလိမ့်၊ လုယက်မှုများ ဖြစ်သလား၊ ဝေဝေ ဝါးဝါးနဲ့ အိမ်ရှေ့ဖက် ထွက်အကြည့် မီးသတ်ကားတစ်စီး လမ်းပေါ် မောင်းလာပြီး လမ်းမကြီး ဝဲယာနဲ့ အိမ်ရှေ့တွေကို မီးသတ်ပိုက်နဲ့ ဆေးရည်တွေ ပက်ဖျန်း သွားတယ်။

ကိုယ့်အိမ်ရှေ့က ပစ္စည်းတွေ၊ ဆိုင် ကယ်တွေနဲ့အတူ ကိုယ့်ခြေထောက်ပါ ဆေးရည် ထိမိတယ်၊ အရေပြားတွေ ယားယံလို့ ချက်ချင်း ရေပြန်ဆေးရတယ်။ လမ်းမတွေပေါ် လူသွားလူလာ အတော် များများ ရှိနေချိန် ကြိုတင်အသိပေး ကြေညာတာ မရှိပါဘဲ ကလိုရင်း ဆေးရည်လေလား အစွန်းချွတ်ဆေးရည် (Bleaching Powder) လေလား မသိရတဲ့ ဆေးရည်နဲ့ အဲသလို ဆေးဖျန်း သွားတာဟာ ကိုရိုနာကိုဗစ် ၁၉ (COVID 19 ) ကာကွယ်နှိမ်နှင်းဖို့အတွက် လုပ်တာ ရယ်လို့ သိရပါတယ်။

မြို့တွင်းမှာ နေတဲ့အချို့ဆိုရင် လူရော ဆိုင်ကယ်ပါ အဲသည်ဆေးရည်နဲ့ မတော်တဆ အဖျန်းခံရပြီး တစ်ကိုယ်လုံး ယားယံ အပူလောင်တာခံခဲ့ကြရတယ်လို့ ဆိုတယ်။ အဲသည် ရောဂါ ကာကွယ် နှိမ်နှင်းရေး လုပ်ငန်းမှာ သည်လို ရပ်ကွက် တွေထဲ ပရမ်းပတာ ဆေးတွေ ဖျန်းကြသူ တွေကို ပြန်ကြည့်တဲ့အခါ သူတို့မှာလည်း ကိုယ်ခန္ဓာ အကာအကွယ်ပစ္စည်း (Personal Protective Equipment)တွေ ဝတ်ဆင်မထားကြသလို ရပ်ကွက်နေ ပြည်သူတွေကိုလည်း တင်ကြိုအသိပေး တာမျိုး မရှိပါဘူး။ အဲသည် ကပ်ရောဂါ ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းမှာ အဓိက ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့ တိုင်ပင်ညှိနှိုင်းတာမျိုးလည်း ရှိဟန် မတူပါဘူး။ ကောင်းမယ်ထင်လို့ လုပ်ကြတာမျိုး ဖြစ်နေပါတယ်။

နိုင်ငံ့အဝှမ်း ဆေးတွေဖျန်းတဲ့ ရက် သတ္တပတ်

အဲသည်အတွက် ကိုယ့်မြို့ကိုယ့် ရွာမှာပဲ အဲသလို ဆေးတွေဖျန်းကြသလား ထင်မိလေတော့ ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ တရားဝင် စာမျက်နှာမှာ ပြန်ရှာ တဲ့အခါ မတ်လ ၂၈ ရက် နေ့စွဲနဲ့ သတင်း တစ်ပုဒ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနီးနီးဖြစ်တဲ့ တိုင်းနဲ့ပြည်နယ် အစုံက မြို့ပေါင်း ၇၀ မှာ အဲသလို ပိုးသတ်ဆေး ရည်တွေကို လူနေရပ်ကွက်က လမ်းမတွေ ပေါ် ဆေးဖျန်းခြင်း လုပ်ငန်းတွေ လုပ် ဆောင်ခဲ့တယ်လို့ တွေ့ရပါတယ်။ သတင်း ဓာတ်ပုံတွေမှာလည်း အများစုက တစ် ကိုယ်ရည် အကာကွယ်ပစ္စည်း (PPE)တွေ မပါဘဲ ရပ်ကွက်တွေထဲ ဖျန်းနေကြ တာ ဖြစ်နေတယ်။

ချင်းပြည်နယ် တီးတိန်က စတဲ့ ဆေးဖျန်း ခြင်းလုပ်ငန်း

ပိုးသတ်ဆေးတွေ ဖျန်းပက်ကြတဲ့ ရက်တွေကို ပြန်လေ့လာကြည့်ကြတဲ့အခါ မြန်မာနိုင်ငံမှာ ပထမဆုံး ပိုးတွေ့လူနာ အမှတ် ၁ ကို မတ်လ ၂၁ ရက်နေ့မှာ တီးတိန်မြို့မှာ စတွေ့ခဲ့ပြီးနောက် တစ် ပတ်ခန့်အကြာမှာ ချင်းပြည်နယ်၊ တီးတိန် မြို့က သူနေထိုင်ခဲ့တဲ့ အိမ်နဲ့ သူသွားလာ ခဲ့သမျှ နေရာတွေကို အဲသည်မြို့နယ် အတွင်းမှာ ကပ်ရောဂါ ကာကွယ်နှိမ်နှင်း ရေး တုန့်ပြန် လှုပ်ရှားမှုအနေနဲ့ (COVID 19 ) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး တာဝန်ရှိတဲ့အဖွဲ့တွေ ပူးပေါင်းကာ သုံး ရက်ကြာ ပိုးသတ်ဆေးတွေ ဖျန်းခဲ့ကြတာ ဖြစ်တယ်။

အဲသည် လုပ်ဆောင်ချက်ရဲ့ အကျိုး သက်ရောက်မှုအနေနဲ့ တစ်နိုင်ငံလုံးက လည်း ချင်းပြည်နယ် နည်းတူ အတုယူပြီး လူသွား လမ်းတွေအပေါ် ဆေးဖျန်းခဲ့ကြ တာရယ်လို့ ကောက်ချက်ဆွဲမိပါ တယ်။ အမှန်က ပိုးတွေ့လူနာ တွေ့ရှိလို့ လိုအပ် တဲ့ တုန့်ပြန်မှု အနေနဲ့ လှုပ်ရှားဆောင် ရွက်တာကို တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ပါ လိုက်လုပ်ကြတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဘယ်သူက ညွှန်ကြားပြီး ဘယ်အတွက် လုပ်ကြတယ်ဆိုတာကို တော့ ကျန်းမာရေးဌာနတွေဖက်ကပါ သေချာ မပြောပြနိုင်ခဲ့ကြပါဘူး။

အဲသည်အချိန်က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဖက်ကလည်း အဲသည် ကာကွယ်နှိမ်နှင်းရေး အတွက် ပိုးသတ်ဆေး ဖျန်းဖို့ လိုအပ်တယ်လို့ တိုက်တွန်းနှိုးဆော်တာ မရှိသေးသလို သုံးရမယ့် ဆေးနဲ့ ဖျော်စပ်ကြရမဲ့ အချိုး အဆ၊ ဖျန်းသင့်တဲ့ နေရာတွေနဲ့ ဆေးဖျန်း သူတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တွေ၊ လမ်းညွှန်ချက်တွေ တရားဝင် မထုတ်ပြန်သေးပါဘူး။

ပိုးသတ်ဆေးဆိုတာ ဘာလဲ၊ ဘယ်လဲ

ပိုးသတ်ဆေးဆိုတာ အင်းဆက် ပိုးမွှား၊ ဘက်တီးရီးယား၊ ပိုးမွှားတွေနဲ့ ရှဉ့်၊ ကြွက်စတဲ့ ရှေ့သွားနဲ့ ကိုက်ဖြတ် ဖျက်ဆီးတတ်တဲ့ တိရိစ္ဆာန်တွေ၊ မှို၊ ပေါင်းပင်တွေကို ထိန်းချုပ်ဖို့ ၊ နှိမ်နှင်းဖို့ အသုံးပြုကြတဲ့ ဓာတုဒြပ်ပေါင်းတွေ ဖြစ် တယ်။ အင်းဆက် ပိုးသတ်ဆေးအုပ်စု၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ဘက် တီးရီးယားသတ်ဆေး /ပိုးလောင်းကောင် သတ်ဆေး အုပ်စု စသဖြင့် ကွဲပြားပြီး အများစုက အဆိပ်ပြင်းတဲ့ Organophosphate လို ဓာတုပစ္စည်းတွေကို အခြေခံ ထုတ်လုပ်ထားတာ ဖြစ်တယ်။

ပိုးသတ်ဆေးဖျန်းခြင်းနဲ့ ရည်ရွယ်ချက်က ဘာလဲ

ပိုးသတ်ဆေးဖျန်းခြင်းကို အဓိက အားဖြင့်
၁။ (COVID 19 ) ပိုးတွေ့သူ နေထိုင် သွားလာခဲ့သော နေရာနဲ့ ဝန်းကျင်။
၂။ (COVID 19 )သံသယ လူနာ ရှိနိုင်သော Qကမေညေအငညန ပြုလုပ်ထားသော နေရာများ၊
၃။ လူဝင်လူထွက်များသော(COVID 19 ) သံသယ လူနာများ သွားလာဝင် ထွက်ခဲ့နိုင်သော နေရာများ၊ လူစုလူဝေး ပြုခဲ့သော နေရာများ၊ ဥပမာ ဈေး၊ စူပါ မားကတ်၊ ဆေးရုံ၊ ရထားဂိတ်၊ သင်္ဘော ဆိပ်၊ လေယာဉ်ကွင်း စသည်…
၄။ သံသယ လူနာ၊ ပိုးတွေ့လူနာ တင်ခဲ့သော လူနာတင်ယာဉ်များမှာ ဆောင် ရွက်ကြတယ်။
အဓိကအားဖြင့် ပိုးတွေ့လူနာဆီ ကနေ ကျန်ရစ်နိုင်မဲ့ ကူးစက်စေနိုင်တဲ့ ဗိုင်းရပ်အမှုန်အမွှားတွေကို သတ်ဖို့ ဖြစ်တယ်။ ပိုးသတ်ဆေး ဖျန်းရာမှာလည်း ထိရောက်တဲ့ ဆေးစပ်အချိုးအဆနဲ့ သေသေချာချာ စေ့စေ့စပ်စပ် ဖြန်းသင့် တယ်။ မစို့မပို့နဲ့ ထိထိရောက်ရောက် မဖျန်းလျှင် ဖြစ်စေ၊ ဆေးအချိုးအဆ ပျော့လျှင်ဖြစ်စေ ရောဂါပိုးအတွက် ဆေး ယဉ်ပါးမှုဖြစ်ပြီး အမှန်လိုအပ်လို့ သုံးတဲ့ အခါ ပိုးက သတ်လို့မသေတော့တာ ဖြစ်နိုင်တယ်။

သည်အတွက် အထက်ဖော်ပြပါ နေရာတွေကလွဲရင် ကျန်တဲ့နေရာတွေမှာ အရမ်းကာရော သုံးစွဲဖို့မသင့်ပါဘူး။ အန္တရာယ်များသလို ဆေးတွေကိုလည်း မလိုလားအပ်ဘဲ ဖြုန်းတီးရာ ရောက်ပါ တယ်။

ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်တွေ

ကိုရိုနာ (COVID 19 ) နဲ့ တိုက်ရတဲ့ စစ်ပွဲဟာ အတိုင်းအတာနဲ့ အချိန်ကာလ ကို မှန်းဆရခက်တာကြောင့် အဖိုးတန် ရင်းမြစ်တွေကို မလိုလားအပ်ဘဲ မဖြုန်း တီးစေလိုပါဘူး။ လူသွားလမ်းတွေပေါ်မှာ လူအများသွားလာနေချိန် ပရမ်းပတာဖြန်း တာဟာ တန်ဖိုးရှိတဲ့ ဆေးတွေ ဖြုန်းတီး ရာရောက်ရုံမက လူသွားလူလာတွေမှာပါ ထိတွေ့ပြီး ဆေးရဲ့ ဆိုးကျိုးတွေ ခံစားရ နိုင်တယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုး ကျိုးအနေနဲ့ မျက်စိနဲ့အရေပြားတွေကို တိုက်ရိုက်ထိမိရင် ပျက်စီးစေနိုင်သလို မြေသားလမ်းမ၊ မြေပေါ်သို့ ရေထဲသို့ တိုက်ရိုက်ဖြန်းရင် အပင်များ မပေါက်နိုင် တော့ခြင်းနဲ့ ရေနေသတ္တဝါများ ပျက်စီး ခြင်းစတဲ့ အခြား ဂေဟဗေဒစနစ် အပေါ် ပျက်စီးစေနိုင်လို့ မဖြန်းသင့်ပါဘူးလို့ ဆိုတယ်။ အဲသလို ရိုက်ခတ်နိုင်မှုတွေ သာမက ပတ်ဝန်းကျင် အပေါ်မူတည်ပြီး ဓာတ်ပြုပြောင်းလဲမှုတွေကလည်း မလို လားအပ်တဲ့ အန္တရာယ်တွေ ဖြစ်နိုင်ပါ တယ်လို့ ဆိုတယ်။

လူကို ပိုးသတ်ဆေးရည်ဖျန်းပြီး ပိုးသတ် ကြမလား

အချို့တိုင်းနဲ့ပြည်နယ်တွေမှာတော့ ပိုးသတ်ဆေးအနေနဲ့ ကလိုရင်းကိုဖျန်းကြတယ်လို့ဆိုတယ်။ ကားတွေရော လူတွေပါ ဖျန်းကြပါသတဲ့၊ ဖြန်းပြီးတဲ့ အခါ လက်တွေကို Hand Gel နဲ့ လက်ဆေးခိုင်းကြတယ်လို့ ဆိုတယ်။ အဲသလို ကလိုရင်းနဲ့ Hand Gel တွေ မှာပါတဲ့ နအ့ညေသူ ရောတဲ့အခါ အဆိပ် ငွေ့ထွက်ပြီး လက်မှာ ပူစပ်ပူလောင် ဖြစ်ကာ ထုံသလို ကျဉ်သလို မူးသလို ဖြစ်ပြီး မူးမေ့နိုင်တယ်။ အဲသလိုဖြစ်ရင် ရေနဲ့ အမြန်ဆေးဖို့လိုတယ်။

အဲသည်ကထွက်လာတဲ့ ကလိုရို ဖောင်းအငွေ့တွေက လူရဲ့ အဆုတ်နဲ့ အရေပြားကို ထိခိုက်စေလို့ ကလိုရင်းတွေ အရပ်ထဲ လိုလားအပ်ဘဲ မဖျန်းစေလို ကြောင်း ပညာရှင်တွေက သတိပေးကြ တယ်။ အဆိုးဆုံးက ကလိုရင်းဟာ အရပ်ထဲ ပေါများတဲ့အရာ အတော်များများ မှာပါရှိတဲ့ ဓာတ်အတော်များများနဲ့ ဓာတ် ပြုတဲ့အလေ့ရှိပြီး အဆိပ်ငွေ့တွေ ထွက် နိုင်တယ်လို့ သိရတယ်။

ဥပမာ အရပ်ထဲ ရှိနေတဲ့ ဓာတ်ဆီ ငွေ့နဲ့ ဓာတ်ပြုနိုင်တယ်၊ အမိုးနီးယားနဲ့ လည်း ဓာတ်ပြုတယ်၊ ရှာလကာရည်နဲ့ လည်း ဓာတ်ပြုနိုင်တယ်လို့ဆိုလေတော့ အစားအသောက်ထဲ ကလိုရင်းဆေး ဝင်ဖို့ မသင့်တော်တဲ့အတွက် အရပ်ထဲ ပိုးသတ် ဆေးအဖြစ် ကလိုရင်းဆေးရည်တွေ ဖျန်းတာလည်း မလုပ်သင့်ပါဘူးလို့ ထောက်ပြကြတယ်။ ဒါကြောင့်လည်း ကလိုရင်းကို ပိုးသတ်ဆေးအဖြစ် သုံးဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မှတ်ချက်ပေးထားတာ မတွေ့ရပါဘူး။

ကိုဗစ် နှိမ်နှင်းရေးအတွက် အသုံးပြုတဲ့ ဆေးနဲ့ ဖျော်စပ်တဲ့ အချိုး

ကိုဗစ် နှိမ်နှင်းရေးအတွက် အသုံးပြု တဲ့ ဆေးအနေနဲ့ Hypochloride Solution တွေကို အဓိက သုံးစွဲကြတယ်။ အစွန်းချွတ် ဆေးရည်လို့ သိကြတဲ့ Sodium hypochloride အရည်နဲ့ အစွန်းချွတ်ဆေးမှုန့်လို့ သိကြတဲ့ (Bleaching Powder; 35% Calcium hypochloride) ကို အသုံးပြုနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၆ ရက်မှာ ထုတ်ပြန်ကြေညာထားတဲ့ COVID 19 ဖြစ်ပွားနေစဉ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပိုးသန့်စင်ခြင်း ဆိုင်ရာ သိကောင်းစရာများ (Version 1.1)မှာ ဖော်ပြထားတယ်။
အစွန်းချွတ်ဆေးရည်(Sodium hypochloride)ကို အသုံးပြုပါက 0.1% Sodium hypochloride solution ရရှိဖို့ ရေတစ်လီတာမှာ ဆေးရည် လက်ဖက်ရည်ဖျော်ဇွန်း လေးဇွန်း ထည့်ပြီး ဖျော်စပ်ရမှာ ဖြစ်တယ်။ အစွန်းချွတ်ဆေး မှုန့်(Bleaching Powder; 35% Calcium hypochloride ) ကို အသုံးပြု ပါက 0.1% Calcium Hypochloride Solutionရရှိဖို့ Bleaching Powder ကို ထမင်းစားဇွန်းရှည် မောက်မောက် နှစ်ဇွန်းနဲ့ ရေ တစ်လီတာကို ဦးစွာရော စပ်ပြီး နောက်မှ ရေ ၉ လီတာ ထပ်မံ ရောစပ်ရမယ်လို့ ဆိုတယ်။

ပိုးသတ်ဆေး ဖျော်စပ်ရာမှာ ဆေး ဖျော်စပ်တဲ့နေရာသည် လေဝင်လေထွက် ကောင်းသော နေရာဖြစ်ဖို့ လိုတယ်။ ဆေးဖျော်စပ်ရာမှာ ရေအေးကိုသာ သုံးရ တယ်။ ရေပူနဲ့ဖြစ်ဖြစ် အခြား သတ္တု ဓာတ်တွေပါရင်ဖြစ်ဖြစ် ဓာတ်ပြောင်းလဲမှု ဖြစ်ပြီး အဆိပ်ငွေ့တွေအဖြစ် ပြောင်းလဲ နိုင်တယ်။ ဆေးဖျော်စပ်သူများသည် ပါးစပ်နှင့် နှာခေါင်းစည်း၊ ရော်ဘာ လက်အိတ်၊ ရင်ဘတ် အကာအကွယ်နဲ့ မျက်မှန်တပ်တင်ရမယ်လို့ဆိုတယ်။

နောက် ဆေးဖျော်စပ်တဲ့ ပုလင်းနဲ့ ခွက်တွေမှာ အန္တရာယ်အမှတ်အသား ကပ်ပြီး သတိထား သင့်တယ်။ နောက် အစားအသောက်တွေနဲ့ ရောနှောနိုင်တဲ့ နေရာတွေမှာ ရောမထားရဘူး။ ကလေး တွေ လက်ဆော့နိုင်တဲ့နေရာတွေမှာ မထားရဘူး။ အစားအသောက်နဲ့မှားပြီး သောက်မိတဲ့အခါ အဆိပ်သင့်နိုင်ပါ တယ်။

အရေးကြီးတာက ဆေးဖျော်စပ် ပြီး၂၄နာရီအတွင်း အသုံးပြုရမယ်လို့ ဆိုပါတယ်။ ၂၄နာရီကျော်ပါက ဆေး ရည်ရဲ့ အာနိသင်လျော့ကျစေနိုင်တယ် လို့ ဆိုတယ်။

ဆေးဖျန်းကြရာမှာ လိုက်နာကြဖို့

ပိုးသတ်ဆေးဖျန်းရာမှာ လိုက်နာ ရမယ့် အချက်တွေက ဆေးဖျန်းမယ့် နေရာသည် အလုံပိတ်အခန်းဖြစ်မနေဖို့၊ ပြတင်းတံခါးများ ဖွင့်ထားဖို့ လိုတယ်။ လေဝင်လေထွက်မရှိတဲ့ အလုံပိတ် အခန်း တွေမှာ မဖျန်းသင့်ပါဘူး။ အဆိပ်ငွေ့တွေ လို အနံ့ဆိုးဆိုး တွေဟာ ဆေးဖျန်းသူကို အဆိပ်သင့်စေနိုင်တယ်။ ဆေးဖျန်းပြီး ဆယ်မိနစ်အကြာမှာ ကြမ်းတိုက် သန့်စင် ကြရမယ်။ ရုံးခန်း တွေနဲ့ အလုပ်ဌာနတွေမှာ ပိုးသတ်ဆေး နဲ့ လူ့ခန္ဒာ တိုက်ရိုက် မထိတွေ့စေဖို့ ရုံးဆင်းချိန်နဲ့ ညနေပိုင်းတွေမှာ ဆေးဖျန်း သင့်တယ်။ တစ်နေ့ တစ်ကြိမ်ဆေးဖျန်း ခြင်းသည် ပိုးသန့်စင်ရန် လုံလောက်ပါ တယ်လို့ ဆိုတယ်။

လူတွေရဲ့ အရေပြားနဲ့ တိုက်ရိုက် ထိတွေ့နိုင်သောနေရာများ၊ ပရိဘောဂ များ အရာဝတ္ထုများပေါ်သို့ ဆေးရည် မကျရောက်စေဖို့ သတိထားကြရမှာ ဖြစ်ပြီး ကျရောက်ပါက အဝတ်နဲ့ ပြန်လည် ပွတ်တိုက်သန့်စင်ကြရမယ်။ သတ္တုမျက် နှာပြင်တွေကို ဆေးဖျန်းပါက မျက်နှာပြင် ပျက်စီးနိုင်လို့ မဖျန်းသင့်ပါဘူး။ ဆေးဖျန်း ပုံးအလေးချိန်ကြောင့် ဆေးဖျန်းသူတွေ ခါး မနာအောင် တစ်ကြိမ်ဖျန်းလျှင် ၁၀ လီတာအလေးချိန်သာ သယ်ပိုးသင့်တယ် လို့ ဆိုတယ်။

မဖျန်းသင့်တဲ့နေရာတွေ

ဖြစ်နိုင်ရင် အမှိုက်ပုံတွေလို နေရာ တွေကို မဖျန်းသင့်ဘူးလို့ဆိုတယ်။ အမှိုက်ပုံက အခြား ဓာတ်ငွေ့တွေနဲ့ ဓာတ်ပြုပြီး ထွက်လာတဲ့အဆိပ်ကြောင့် အဆုတ်ထိခိုက်နိုင်သတဲ့။ ဆေးဖျန်းသူ အတွက် သည်ဆေးရည်ဟာ အဆိပ်သင့် နိုင်လို့ အကာအကွယ် ဝတ်စုံ ပြည့်ပြည့် စုံစုံမပါရင် မဖျန်းသင့်ပါဘူး။ အငွေ့ကို ရှူမိရင် အသက်ရှူလမ်းကြောင်းကို ထိခိုက် စေပြီး ပါးစပ်တွင်းဝင်လျှင် အာခေါင်၊ ခံတွင်း လောင်ကျွမ်းခြင်းများ ဖြစ်တတ်ပါ တယ်လို့ ဆိုတယ်။

သည့်အတွက် ဆေးဖျန်းသူတွေဟာ ဏဏန လို့ခေါ်တဲ့ တစ်ကိုယ်ရည်အကာ အကွယ်ဝတ်စုံတွေ အပြည့်အစုံကို စနစ် တကျ ဝတ်ဆင်ရုံမက ပိုးသတ်ဆေးဖျော် စပ်ရာမှာနဲ့ ပိုးသတ်ဆေးဖျန်းရာမှာ လိုက်နာရမယ့်အချက်များကို တိတိကျကျ လိုက်နာကြ ရပါမယ်လို့ ဆိုတယ်။

မှားယွင်းယုံကြည်လုံခြုံမှု

နောက်တစ်ချက်က မှားယွင်းသော ဘေးကင်းလုံခြုံမှုအသိ (False Security) ကို ပြည်သူတွေရပြီး ဆေးဖျန်းထားရင် ဃသလငိ ၁၉ ဗိုင်းရပ် မကူးစက်နိုင်တော့ပါ ဘူးလို့ အထင်အမြင်လွဲမှားမှုတွေ ဖြစ် လာနိုင်ပါတယ်။ အမှန် ဆေးရဲ့ အာနိသင် ဟာ တစ်ရက်ထက် မပိုပါဘူး။ ဒါ့ကြောင့် တစ်ကြိမ်တစ်ခါ သည်နေရာမှာ ဖျန်းထား တာနဲ့ ရောဂါပိုးမကူးစက်နိုင်တော့ပါဘူး လို့ ယုံမှားအသိကြောင့် အန္တရာယ်ရှိနိုင် ပါတယ်။

ပြီးတော့ ဆေးဖျန်းတဲ့ နေရာတိုင်း မယ် ရောဂါပိုး မကူးစက်နိုင်တော့ဘူး၊ ပိုးမွှားကင်းစင်သွားပြီလို့ တစ်ထစ်ချ မှတ်ယူလို့ မရပြန်ပါဘူး။ ခုနက တိုက်ရိုက် မဖျန်းရတဲ့ ပရိဘောဂတွေ၊ အခြားနေရာ တွေမှာ ကပ်ငြိနေမယ့်ပိုးတွေဟာ ဆေးတိုက်ရိုက် မထိတွေ့တဲ့အခါ မကင်းစင် နိုင်ဘူးဆိုတာ သိကြရပါ့မယ်။ ပိုးသတ် ဆေးဖျန်းခြင်း(Disinfectants) တွေရဲ့ အာနိသင်ဟာ ယာယီမျှသာဖြစ်တယ် ဆိုတာ မေ့မရပါဘူး။

အင်ဒိုနီးရှားက ပိုးသတ်ဆေးဖျန်းခြင်းနဲ့ သင်ခန်းစာ

သာဓက ဆောင်ရရင် အင်ဒိုနီးရှား မှာ (COVID 19 ) ပိုးတွေ့သူ ၁၆၇၇ရဲ့ ၉.၃၆% ဖြစ်တဲ့ ၁၅၇ ဦး အသက်ဆုံးရှုံးခဲ့ ရချိန်မှာProfessor Wiku Adsasmito ဦးဆောင်တဲ့ အင်ဒိုအစိုးရရဲ့ Govern-ment’s Covid 19 Task Forceမှ ကျွမ်းကျင်သူတွေက သည်လို ပိုးသတ် ဆေးဖျန်းတာတွေဟာ (COVID 19 ) ရောဂါပိုးကူးစက် ပျံ့နှံ့မှုကို ကာကွယ် ရာမှာ ထိရောက်မှုမရှိပါဘူးလို့ မတ်လ ၃၀ ရက်က Virtual Press Conference မှာ ကြေညာခဲ့တယ်လို့ Jakarta Globe ရဲ့ Web Page မှာ တွေ့ရတယ်။

ဒီလို ထုတ်ပြန်ကြရတာအကြောင်း ရှိတယ်။ ဆေးဖျန်းတဲ့ လုပ်ငန်းကို လုပ်ပြီး ပိုးကူးစက်မှုကို ကာကွယ်နိုင်မယ် လို့ တစ်ထစ်ချ ယုံကြည်ပြီး False Security ရကာ ယုံကြည်မှုလွန်ကဲလို့ အခြားလိုက်နာရမယ့် ကာကွယ်နှိမ်နှင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြတယ်။ သေနှုန်း မြင့်မား ရခြင်းဖြစ်တယ်လို့ သူတို့ သုံးသပ်လို့ ဖြစ်တယ်။

ပိုးသတ်ဆေးဖျန်းသူတို့ဟာ ဝူဟန် ကအပြန် အင်ဒိုနီးရှားကျောင်းသားတွေ ကို လေယာဉ်ပေါ်က ဆင်းဆင်းချင်း ကလိုရင်း ဆေးရည်တွေ ဖျန်းပြီး ပိုးသတ်သလို မြို့တွေအတွင်းမှာလည်း ဒရုန်းလို့ခေါ်တဲ့ လူမဲ့ လေယာဉ်ငယ် တွေနဲ့ ပိုးသတ် ဆေးရည်တွေ ဖျန်းတာတွေ လုပ်ဆောင်ခဲ့ကြတယ်။ အဲသည်လို လုပ်ဆောင်တာနဲ့ ရောဂါပိုး ကူးစက်မှုကို ဟန့်တားနိုင်ပြီလို့ ယုံခဲ့ကြတာကြောင့် အခြား လိုက်နာရမယ့် ကာကွယ်နှိမ်နှင်း ရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြတယ်။ ဒါကြောင့် ပိုး သတ်ဆေးရည်ဖျန်းခြင်းကို အလွန်အမင်း ယုံကြည်အားကိုးဖို့ မသင့်ကြောင်း ထုတ်ဖော်ပြောဆိုတာ ဖြစ်တယ်။

ပိုးသတ်ဆေးဖျန်းခြင်းဟာ ရောဂါ ပိုးကူးစက်မှုဖြတ်တောက်ခြင်း ကွင်းဆက် ခြောက်ခုထဲက Barrier မှာရှိနေမဲ့ ပိုးကို သတ်ဖို့ပဲ ဖြစ်တယ်။ ရောဂါပိုးကို ရောဂါ လက္ခဏာမပြပါဘဲ သယ်ဆောင် နေတဲ့ (Silent Carrier)တွေဆီက ပိုးတွေ သတ်တာ မဟုတ်လို့ အဲသည်လူတွေဆီ က ပိုးတွေဟာ အချိန်မရွေး အခြားလူ ကိုကူးနိုင်သလို ပိုးသတ်ဆေးဖျန်းပြီး သော နေရာတွေအပေါ် ဆေးရဲ့ အာနိ သင် ကုန်ဆုံးချိန်မှာ အချိန်မရွေး ပြန် လည် ကပ်ငြိနိုင်တယ်။
သည်တော့ ပိုးသတ်ဆေးဖျန်းခြင်း ကို လိုအပ်တဲ့ အချိန်နဲ့ လိုအပ်တဲ့နေရာ တွေမှာ နည်းစနစ်မှန်မှန်နဲ့ ထိထိရောက် ရောက်ပဲ သုံးကြစေလိုပါတယ်။

ပိုးသတ်ဆေးနဲ့ဆိုင်တဲ့ ပေါ်လစီနဲ့ အမိန့်ညွှန်ကြားချက်တွေ

ဆောင်းပါးအစကလို မလိုလားအပ် သေးချိန်မှာ မလိုလားအပ်တဲ့ ဆေးရည် ဖျန်းပက်မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ မဖြစ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အမိန့်နဲ့ ညွှန်ကြား ချက်တွေ အချိန်မီ တရားဝင် ထုတ်ပြန် ပေးဖို့ လိုအပ်သလို ဆေးဖျန်းလိုကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် ဖို့ ညွှန်ကြားချက်တွေကို သေချာ လိုက် နာကြဖို့ လိုအပ်တယ်။

ယခုအခါမှာ Quarantine လုပ်ထား ကြတဲ့ စခန်းတွေမှာ ပိုးသတ်ဆေးဖျန်း ခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရမှာ ဖြစ်တယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဖက်ကတော့ (COVID 19 ) ဖြစ်ပွား နေစဉ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပိုးသန့် စင်ခြင်းဆိုင်ရာ သိကောင်းစရာများ (Version 1.1) ကို လုပ်ငန်း လမ်းညွှန် ချက်အဖြစ် ထုတ်ပြန်ပေးထားပြီး ဖြစ် တယ်။

ဗဟိုအစိုးရဘက်ကရော၊ အများစု သော တိုင်းနဲ့ပြည်နယ်တွေမှာပါ အဲသလို တားမြစ်မိန့်နဲ့ ညွှန်ကြားချက်တွေ တရားဝင် မတွေ့ရပေမဲ့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ၃-၄-၂၀၂၀ ရက်နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာ “မန္တလေးတိုင်းဒေသကြီး ခရိုင်/မြို့/ ရပ်ကွက်နှင့် ကျေးရွာများတွင် Corona Virus Disease (COVID 19 )ရောဂါ နှင့်ပတ်သက်၍ ကာကွယ်ရေးအတွက် အများပြည်သူများအနေဖြင့် မိမိဆန္ဒ သဘောထားဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းကို စိစစ်တွေ့ရှိရမှုအပေါ် ဆေးသုံးစွဲနည်း၊ ဖျော်စပ်ပုံနည်းစနစ်နှင့် ကိုင်တွယ်အသုံး ပြုမှု မှားယွင်းလျှင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်လာနိုင် သည့်အတွက် ခရိုင်/ မြို့နယ်များ အနေ ဖြင့် ပိုးသတ်ဆေးဖျန်းရာတွင် တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့၏ ခွင့်ပြုချက် တင်ပြတောင်ခံရန်နှင့် ခွင့်ပြုချက်ရမှသာ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ကြရန် အမိန့်စာထုတ်ပြီး ရှင်းရှင်းလင်း လင်း ညွှန်ကြားထားတာ တွေ့ရပါတယ်။

အစိုးရိမ်လွန်ပြီး မလိုအပ်ဘဲပိုးသတ် ဆေးတွေ ဖျန်းကြတဲ့အခါ ဆေးတွေ အလဟသ ဆုံးရှုံးရုံမက ဆေးယဉ်ပါး တာ၊ မလိုလား အပ်ဘဲ ဆေးကြောင့် ပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်တာ၊ ဓာတုအဆိပ်သင့်တာတွေ ဖြစ်နိုင်လေ တော့ ပိုးသတ်ဆေးကြောင့် ဖြစ်လာနိုင် တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကင်းပြီး COVID 19 ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းတွေ ထိရောက် အောင်မြင်ဖို့ရာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင် သင့်တယ်။ ပိုးသတ်ဆေးဖျန်းခြင်းကို လိုအပ်ချိန်မှာ လိုအပ်သလိုသာ သုံးစွဲ သင့်တယ်၊ ဦးဆောင်မှုပေးဖို့ တာဝန်ရှိ သူတွေကလည်း ပြတ်ပြတ်သားသား တိကျတဲ့ လမ်းညွှန်မှု ပေးကြသင့်ပါတယ် လို့ ဆိုချင်ပါတယ်။

ကိုးကား။ ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၆-၄-၂၀၂၀ မှာ ထုတ်ပြန်ကြေညာထားတဲ့ (COVID 19 ) ဖြစ်ပွားနေစဉ်အတွင်း အများပြည်သူ နှင့်သက်ဆိုင်သော နေရာများတွင် ပိုး သန့်စင်ခြင်းဆိုင်ရာ သိကောင်းစရာများ (Version 1.1)

ကိုရိုးဆေး