တစ်ခါသုံးနှာခေါင်းစည်းများ လျှော်ဖွပ်ပြီး ပြန်သုံးနေရ

0
449

ထားဝယ်ခရိုင်တွင် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ပြည်သူအချို့ သည် တစ်ခါသုံးနှာခေါင်းစည်များကို လျှော်ဖွပ်ပြီး ပြန်အသုံးပြုနေကြရသည်။

ပုံမှန်အတိုင်းဆိုလျှင် ခွဲစိတ်ခန်း တွင်သုံးသည့် နှာခေါင်းစည်း၊ N 95 ဟု ခေါ်သော နှာခေါင်းစည်းများသည် တစ်ခါသာ အသုံးပြုပြီး စနစ်တကျ စွန့်ပစ်ရမည် ဖြစ်သည်။

သို့သော်ဈေးကွက်ထဲတွင် လို သလောက် ဝယ်ယူမရခြင်းကြောင့် တစ်ခါ သုံးနှာခေါင်းစည်းတို့ကို လျှော်ဖွပ်၊ နေလှန်းပြီး ပြန်အသုံးပြုနေရခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဂယက် စတင် ရိုက်ခတ်လာချိန်မှစပြီး ဈေးကွက်တွင် ပစ္စည်း ပြတ်လပ်ကာ ဈေးနှုန်းလည်း ကြီးမြင့်လျက် ရှိသည်။

နေအိမ်အပြင်ထွက်သူတိုင်း နှာခေါင်း စည်းတပ်ရမည်ဆိုသည့် အမိန့်ထွက်လာ သောအချိန်တွင် ယခင်ထက် နှာခေါင်းစည်း လိုအပ်ချက် ပိုမြင့်လာခဲ့သည်။

“ရုံးက ပေးလိုက်တဲ့ နှာခေါင်းစည်း ကို အိမ်ကိုယူလာပြီး နေပူလှန်းထား လိုက်တယ်။ အပြင်ဟိုနား၊ ဒီနားသွားလို့ ရှိရင် တပ်လို့ ရအောင်ပါ။ တစ်ခါသုံးဆို ပေမယ့် ဝယ်ဖို့လဲ မရှိဘူးဆိုတော့ တစ်ရက်နှစ်ရက်လောက် သုံးနေရတယ်”ဟု ထားဝယ်မြို့ရှိ ပုဂ္ဂလိက ဘဏ်တစ်ခု မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။


N 95 နှာခေါင်းစည်းများက ရောဂါ ကူးစက်ခြင်းကို ၉၅ ရာနှုန်းကာကွယ်နိုင် သော်လည်း ခွဲစိတ်ခန်းသုံး နှာခေါင်း စည်းမှာ နှာချေ၊ ချောင်းဆိုပါက အခြားသူဆီ ကူးစက်မှု လျော့ကျစေရန်သာ ကာကွယ်ပေးနိုင်ကြောင်း ထားဝယ်ဆေး ရုံမှ ဒေါက်တာ ထင်ဇော်အောင်က ပြော သည်။

“နှာခေါင်းစည်း လုံး၀မသုံးတာ ထက်စာရင်တော့ ပြန်ပြန်သုံးနေတာက ပိုကောင်းသေးတယ်”ဟု ဒေါက်တာ ထင်ဇော်အောင်က ဆိုသည်။

အဝတ်ဖြင့်ချုပ်လုပ်ထားသော နှာခေါင်းစည်းများသည် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း၏ ထက်ဝက်မျှလောက် ကိုသာ ကာကွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

အပြင်ထွက်သူတိုင်း နှာခေါင်းစည်း တပ်ရမည့်အမိန့်ထုတ်ပြန်ပြီးနောက် ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေး လူထု အခြေပြု ထောက်ကူပြုအဖွဲ့(ထားဝယ်ဒေသ)က နှာခေါင်းစည်းတစ်ခုကို ၃၃၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းအဖွဲ့က ထောက်ပံ့ပေးနေ စောင့်ကြည့်ရေးစခန်းများကိုလည်း ပုံမှန်အတိုင်း နှာခေါင်းစည်းများ အခမဲ့ ထောက်ပံ့ပေးနေ မည်ဖြစ်ကြောင်း ကြေညာထားသည်။

ကျော်သူစိုး