အီးပေါက်ခြင်းရဲ့ ကောင်းကျိုးများ

0
1288

အများအားဖြင့်တော့ အီးပေါက် တာကို သိပ်မကြိုက်ကြသူတွေများပါ တယ်။ သူများ ပေါက်တာကိုလည်း နှာခေါင်းရှုံ့တတ်ကြသလို၊ ကိုယ်ပေါက် မိရင် (အထူးသဖြင့် လူကြားထဲ ပေါက် မိရင်) ရှက်စရာ အဖြစ် မြင်တတ်ကြပါတယ်။

တကယ်တော့ အီးပေါက်တာဟာ သဘာ၀ပါ။ အစာချေစနစ် အလုပ်လုပ် ခြင်းကြောင့် ဖြစ်လာတဲ့ ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။ ဆိုတော့ အီးပေါက်တာဟာ ကျန်းမာရေးအတွက်၊ ခန္ဓာကိုယ်အတွက် ပိုတောင် ကောင်းပါသေးတယ်။

အသက်ရှုထုတ်ချိန်၊ အစာချေချိန် တွေမှာ ကိုယ်ခန္ဓာက ဓာတ်ငွေ့တစ်မျိုး ထုတ်လွှတ်ပါတယ်။ နောက်ပြီး အစာ စားချိန်၊ ဝါးချိန်၊ မျိုချချိန်မှာ လေကို လည်း ရှုသွင်းမျိုချပါတယ်။ အဲလို ဓာတ်ငွေ့နဲ့ လေတွေက လူ့ခန္ဓာကိုယ်ရဲ့ အစာချေစနစ်ကို အထောက်အပံ့ပြုပါ တယ်။ အချို့တွေက ခန္ဓာကိုယ်ထဲ အလို အလျောက် ပျော်ဝင်သွားပေမဲ့ အချို့ကို တော့ နည်းအမျိုးမျိုးနဲ့ အပြင်ကို ပြန် ထုတ်ပါတယ်။ ဒီလိုနည်းနဲ့ အီးပေါက် တာ ဒါမှမဟုတ် လေချဉ်တက်တာ ဆိုတာ ဖြစ်လာပါတယ်။

အဲလို လေမထုတ်နိုင်ရင် လူကိုယ် ခန္ဓာမှာ နေမသိ ထိုင်မသာ ဖြစ်တာ၊ နာကျင်တာ အဲဒါမျိုးတွေ ဖြစ်တတ်ပါ တယ်။

ဆိုတော့ အီးပေါက်တာရဲ့ ကောင်းကျိုး တွေကို ကြည့်ရအောင်ပါ။

မျှမျှတတ စားသောက်ခြင်း

အဆီနည်းသော အသားဓာတ်၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးနှင့် ဂျုံ၊ ဆန် တို့ဟာ မျှတပြီး ကျန်းမာရေး အတွက် သင့်တော် သော အစားအသောက် အုပ်စုဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒါက ခန္ဓာကိုယ်အတွင်း မှ ဓာတ်ငွေ့ထုတ်ပေးပါတယ်။ အချို့ ကစီဓာတ်ပါသော အစားအသောက်များ မှာ အစာချေလမ်းကြောင်းကို မပျက်ပြား စေပါဘူး။ ဒါပေမဲ့ အူမကြီးအတွင်းမှာ အချဉ်ဖောက်စေပါတယ်။ အဲဒီ အချဉ် ဖောက်တာကပဲ ဓာတ်ငွေ့ထွက်စေပါတယ်။

သာမန် ကစီဓာတ်ပါတဲ့ အစာတွေ စားရင်တော့ ဓာတ်ငွေ့ အဲလောက် မထွက်ပါဘူး။ ဒါပေမဲ့ အဲလို အစားအစာ တွေကလည်း ကျန်းမာရေးအတွက် သိပ် မသင့်တော်ပါဘူး။ ဆိုတော့ မျှတတဲ့ အစားအစာစားတာဟာ ခန္ဓာကိုယ်အတွက် ကောင်းတယ်။ အထူးသဖြင့် ဗိုက်အတွက် ကောင်းတယ်။ ခက်တာက လေပွတာ၊ အီးပေါက်တာတွေတော့ ရှိတာပေါ့လေ။

ဗိုက်နာ သက်သာခြင်း

အစာစားချိန်၊ ဝါးချိန်၊ မြိုချချိန် များတွင် အစာခြေလမ်းကြောင်းအတွင်း ဓာတ်ငွေ့များ စုမိနေပါတယ်။ ဓာတ်ငွေ့ အမြောက်အမြားထုတ်ပေးရင် ဗိုက်မအီ မသာဖြစ်ပြီး ဗိုက်နာတယ်။ ဒါပေမဲ့ အီးပေါက်လိုက်ခြင်းကြောင့် အဲဒီဓာတ် တွေကို ဖယ်ထုတ်ပြီးသား ဖြစ်သွား ပါတယ်။ ဗိုက်နာသက်သာစေပါတယ်။

အူမ ကျန်းမာစေခြင်း

အခန်းထဲမှာ အခြားသူတွေနဲ့ ရှိတာ ဖြစ်ဖြစ်၊ ကိုယ့်ဘေးမှာ တစ်ယောက် ယောက် ရှိနေလို့ပဲ ဖြစ်ဖြစ် အီးပေါက် ချင်လာ၊ လေလည်ချင်လာရင် အောင့်ထား တတ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အောင် ထားတာဟာ အူမကို မသက်မသာ ဖြစ်စေပါတယ်။ လိပ်ခေါင်းကိုလည်း ထိစေပါတယ်။

ဒါကြောင့်မို့လို့ လေလည်ချင်လာ ရင် လွှတ်ထုတ်လိုက်တာက အောင့်ထား တာထက် ပိုကောင်းပါတယ်။ ကျန်းမာ ရေးနဲ့ ပိုပြီးညီညွတ်ပါတယ်။ လွှတ်သာ ထုတ်လိုက်ပါ။

ဓာတ်မတည့်သော အစာကို သိရခြင်း

တကယ်လို့ ကိုယ်နှင့် ဓာတ်မတည့် သော အစာတစ်မျိုးမျိုး၊ ကိုယ်ခန္ဓာက လက်မခံနိုင်သော အစာတစ်မျိုးမျိုး စားပါက အစာခြေလမ်းကြောင်းတွင် မအီမသာဖြစ်ကာ ဓာတ်မတည့်သော လက္ခဏာများ ထုတ်ပေးပါတယ်။ အဲလို လက္ခဏာတွေမှာ ဝမ်းလျှောတာ၊ ပျို့အန် ချင်တာ၊ ဓာတ်ငွေ့ ထွက်တာတွေ ပါပါတယ်။

အစာတစ်မျိုးမျိုး စားပြီးတိုင်း အဲလို ပုံမှန်ဖြစ်နေပြီဆိုရင် ကိုယ်က အဲဒီအစားအသောက်တွေနဲ့ မတည့်ဘူး ဆိုတာကို ခန္ဓာကိုယ်က အချက်ပြနေပြီလို့ မှတ်ပါ။

ဆိုတော့ အီးပေါက်တာ၊ လေလည် တာဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုရင် တစ်ရက်ကို ဘယ်နှကြိမ်လောက် ပေါက်တာက ကောင်းပါသလဲ။

ပုံမှန်အားဖြင့်တော့ တစ်ယောက်ဟာ တစ်ရက်ကို ၁၄ ကြိမ်ကနေ ၂၃ ကြိမ် အထိ လေလည်လေ့ရှိတယ်လို့ဆိုပါ တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စားသောက် နေထိုင်မှု ပုံစံ အလိုက် အီးပေါက်တဲ့ အကြိမ် အနည်းအများကတော့ ကွာပါတယ်။

ဒါပေမဲ့ အီးပေါက်တိုင်း နံတာ မဟုတ်ပါဘူး။ တစ်ခါခါ ပေါက်တဲ့သူ ကိုယ်တိုင်ကိုယ်က မသိလိုက်ဘဲ အီးထွက် သွား၊ လေလည်သွားတာမျိုး ရှိနိုင်ပါ တယ်။ ဒါပေမဲ့ တစ်ခါခါတော့ သာမန် ထက် ပိုနံတာ၊ အသံပိုကျယ်တာမျိုးတွေ ရှိနိုင်ပါတယ်။

တစ်ချိန်လုံးကြီးတော့ လေလည်တဲ့ အကြိမ်ရေကို ရေနေနိုင်တာမျိုး မရှိပါ ဘူး။ ဒါပေမဲ့ လေလည်တိုင်း တော်တော် များများအားဖြင့်တော့ ခံစားမိ၊ သတိထား မိတတ်တာမျိုးရှိပါတယ်။

ဆိုတော့ မေးခွန်းက အီးပေါက် လွန်ရင် ပြဿနာ ရှိနိုင်လား။ အပေါ်မှာ ပြထားတဲ့ အကြိမ်ရေအတိုင်း ပုံမှန် ပေါက်ရင်တော့ သိပ်ထူးထူးခြားခြား ပြဿနာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အကြိမ်ရေ တော်တော်များနေပြီ ဆိုရင်တော့ အစာခြေလမ်းကြောင်းမှာ တစ်ခုခု ဖြစ်နေတာ၊ မသင့်တော်တာ တစ်ခုခု စားမိထားတာမျိုး ဖြစ်နိုင်ပါတယ်။

အဲလိုမျိုး မဖြစ်အောင် အကောင်း ဆုံး နည်းလမ်းကတော့ အသားဓာတ်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ဆန်/ ဂျုံတို့ကို မျှတအောင် စားပေးဖို့ပါ။ လေလည်တာ အလွန်အကျွံဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကို ခံစားလာရပြီဆိုရင် အစာ စားစဉ်ကတည်းက စပြီး ဂရုစိုက်ဖို့ လိုပါပြီ။ အသီးနှင့် ဟင်းသီးဟင်ရွက်လို မျိုး အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ ပိုစားဖို့ လိုပါပြီ။ အဲဒီ အစားအသောက် တွေက ဓာတ်ငွေ့ထုတ်ပေးတယ်ဆိုပေမဲ့ အစာအိမ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေ ကိုလည်း မျှအောင် ထိန်းထားပေးပါတယ်။ ပုံမှန်ဆိုရင် အဲဒီ ဘက်တီးရီးယားတွေ ကြောင့် ဓာတ်ငွေ့ပိုထုတ်ပေးတာမျိုး ရှိတတ်ပါတယ်။

အဲဒါအပြင် ဆိုဒါ၊ စပါကလင်ရေ တွေ မသောက်တာမျိုးတွေ လုပ်နိုင် ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာနဲ့ ကစီဓာတ် နည်းနည်းပါတဲ့ အစားအစာ စားတာဟာ ကိုယ်တွင်း ဓာတ်ငွေ့ နည်းနည်းပဲ ထွက်တယ်ဆိုပေမဲ့ ရေရှည် မှာတော့ ကျန်းမာရေးအတွက် မသင့် တော်ပါဘူး။ လူတွေရဲ့ ခန္ဓာကိုယ်အတွက် မျှမျှ တတ စားသုံးပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အီးလည်း မှန်မှန် ပေါက်နေ နိုင်ပါတယ်။

Dawei Watch