ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
977
Bay-Din

၂ – ၃ -၂၀၂၀ မှ ၈ – ၃ -၂၀၂၀ အထိ

တနင်္ဂနွေ

အမွေအနှစ်များ ရရှိတတ်သည်။ အောင်ဘာလေထီ ကံစမ်းပါ။ ဘေးအန္တရာယ် ကြုံတွေ့လည်း အဆင်ပြေ လွတ်မြောက်မည်။ လူငယ်များ ပညာရေး၊ အင်တာဗျူးကိစ္စများ အောင်မြင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား နီးလျက်နှင့် ဝေးနေရတတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ – ဘဲသား၊ ဆူးပုပ်ရွက်
ယတြာ – ဘုန်းကြီးတစ်ပါးအား မုန့်ဟင်းခါး ကပ်လှူပါ။

တနင်္လာ

ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ယခုလ၌ မြေ မဝယ်သင့်ပါ။ ရွှေထည်ပစ္စည်းများ ဝင်မည်။ လှပသော မွေ့ရာ၊ ကော်ဇောများ ဝင်မည်။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်သည်။ ငွေချေးငှားခြင်း ဂရုပြုပါ။ မေတ္တာရေးသည်ကား နီးစပ်၍ လက်ထပ်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ပြောက်ကျား
မစားသင့်သော အစားအစာ – ကောက်ညှင်း၊ ငရုတ်သီး
ယတြာ – ငှက်ပျောသီးကို အခွံနွှာပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

အမွေအနှစ်များ ရရှိတတ်သည်။ သင်တန်းတက်ရခြင်း ဖြစ်တတ်သည်။ အတိုက်အခံ ပြောဆို ရမည့်ကိစ္စများ အဆင်ပြေမည်။ လုပ်ငန်းနှင့်ပတ်သက်၍ ခရီးသွားရတတ်သည်။ မိမိအိမ်ရှိ လူကြီးမိဘများ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား စိတ်ပင်ပန်းရတတ်သည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ ထောပတ်
ယတြာ – နွမ်းပါးသော ပရဟိတကျောင်း၌ လိုအပ်သောအရာ လှူဒါန်းပါ။

ဗုဒ္ဓဟူး

နိုင်ငံရပ်ခြားခရီများ သွားရတတ်သည်။ ထီ သို့မဟုတ် ထီနှင့်အလားတူ ငွေဝင်မည်။ မြေ ရောင်းခြင်းကိစ္စများ အဆင်ပြေမည်။ အစာမှား၊ ဆေးမှား ဖြစ်တတ်သည်။ စိတ်ချမ်းသာ၍ ပျော်ရွှင်ရမည်။ မေတ္တာရေးသည်ကား ချစ်သူကို ရဲရဲတင်းတင်း ဖွင့်ပြောလိုက်ပါ။
အကျိုးပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အနီရောင်
မစားသင့်သော အစားအစာ – အမဲသား၊ စိမ်းစားဥ
ယတြာ – ပူတင်းမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

ကြာသပတေး

တယ်လီဖုန်းပျက်ခြင်း၊ ရွှေထည်ပစ္စည်းများ ပျောက်ရှခြင်း ဖြစ်တတ်သည်။ နာရီ ဝင်မည်။ စီးပွားရေး ကောင်းမွန်သည်။ ကျန်းမာရေးမကောင်းသူများ ဆေးဝါးတိုး၍ ကျန်းမာလာမည်။ ပညာရေး တိုးတက်မည်။ မေတ္တာရေးသည်ကား အဆင်ပြေသည်ထက် ပိုအဆင်ပြေမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – ခရမ်းရောင်၊ ဖက်ဖူးရောင်
မစားသင့်သော အစားအစာ – ဘဲသား၊ သရက်သီး
ယတြာ – ဂန္ဓမာအဖြူ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

သောကြာ

မြေယာကိစ္စ ပြောဆိုရတတ်သည်။ လူမျိုးကွဲတို့ အကျိုးပေးမည်။ လှပသောနာရီ ဝင်မည်။ ပညာရေးကိစ္စ ရုန်းကန်ရမည်။ ဘ၀တစ်ဆစ်ချိုး ကံကောင်းမည့်ကာလ ဖြစ်သည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် သဘောထားချင်း မတိုက်ဆိုင်ဖြစ်တတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – ကောက်ညှင်း၊ အုန်းနို့
ယတြာ – နှင်းဆီ ၇ ပွင့်ကို မွေးနေ့၌ ဘုရားပန်းကပ်လှူပါ။

စနေ

ကုန်ကျထားသော ငွေကြေးများ အစားထိုးပြန်ဝင်မည်။ ဆိုင်ဖွင့်ခြင်း၊ စီးပွားရေး လုပ်ငန်းများ ကောင်းမွန်သည်။ အိုးအိမ်ဆောက်ခြင်း လုပ်ငန်းများ ကောင်းသည်။ ပညာရေးကိစ္စ ကောင်းမည်။ ကျန်းမာရေး အညံ့မရှိပါ။ နိုင်ငံရပ်ခြားကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား သင်အောင်မြင်အဆင်ပြေမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – ရွှေအိုရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ ဖရုံသီး
ယတြာ – နှင်းဆီပန်း ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ