ကော့သောင်းရှိ အိမ်ရာမဲ့အချို့ကို လူငယ်များ စောင်လှူ

0
391

ကော့သောင်းမြို့ပေါ် လမ်းဘေးတွင် ကြုံသလိုအိပ်နေကြသည့် အိမ်ရာမဲ့ ခြောက်ဦးကို ဒေသခံလူငယ်လေးဦး စုပေါင်းကာ ခြုံစောင်နှင့် အစားအစာတို့ကို ဒီဇင်ဘာလ ၁၀ရက်က လှူဒါန်း ခဲ့ကြောင်း လှူဒါန်းရာတွင်ပါဝင်သည့် ကိုပြည့်ဟိန်းကိုက ပြောသည်။

ဒီဇင်ဘာလ အလွန်ချမ်းနေသည့် အချိန် လမ်းဘေးတွင် အိပ်နေသူအချို့ ခြုံစောင်မရှိဘဲ အိပ်နေသည်ကို တွေ့ရ ပြီးနောက် အန္တရာယ်တစ်ခုခုဖြစ်ကို စိုးရိမ်သဖြင့် သူငယ်ချင်းများနှင့်တိုင်ပင် ကာ စောင်လှူဒါန်းဖြစ်ခဲ့ကြောင်း ကိုပြည့်ဟိန်းကိုက ပြောသည်။

“ငါတို့လည်း ဒီလောက်အေးနေတာ သူတို့လည်းအေးမှာပဲဆိုပြီး အဲဒါနဲ့ သူငယ်ချင်းတွေစုပြီး လှူဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။

ခြုံစောင်အပြင် ညစာအတွက် ထမင်းဘူး တစ်ယောက်တစ်ဘူးစီလည်း လှူဒါန်းခဲ့သေးကြောင်း ကိုပြည့်ဟိန်းကိုက ပြောသည်။

နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့ကို နေရာစုံမှ အလုပ် လုပ်ကိုင်ရန် ရောက်ရှိလာပြီး အလုပ် အကိုင် အဆင်မပြေသူ တို့သည့် ယင်း ကဲ့သို့ လမ်းဘေးတွင် ကြုံသလိုနေထိုင် လေ့ရှိကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁ရက်မှာ ၂ ရက်အထိ ကော့သောင်းမြို့အမြင့်ဆုံးအပူချိန် ၃၂ ဒဿမ ၇၊ အနိမ့်ဆုံးအပူချိန် ၂၀ ဒဿမ ၃ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်တွင်ရှိကြောင်း တနင်္သာရီတိုင်းမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုန် ပြန်ထားသည်။

ဒီဇင်ဘာလ ၃ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိတွင် အမြင့်ဆုံးအပူချိန် ၂၉ ဒီဂရီဝန်းကျင်နှင့် အနိမ့်ဆုံး အပူချိန် ၁၇ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်တွင် ရှိနေခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်း အပူအချိန် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း အထက်ပါဌာနက ထုန်ပြန်ထားသည်။

ကျော်သူစိုး