ရင်းနှီးမြှုပ်နှံမှုကိစ္စ ပြောချင်တာတွေ

0
821

မကြာခင် ကျွန်တော့် ဇာတိမြို့ဖြစ်တဲ့ မြိတ်မြို့မှာ တနင်္သာရီတိုင်းဒေသကြီး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပတော့မည်။ တိုင်းအတွင်း ယင်းသို့ ကျင်းပ သည်ကို ကြိုဆိုပါသည်။ ပြောစရာလည်း တချို့ ရှိပါသည်။

နိုဝင်ဘာလ ၁၉ ရက်က ကျင်းပ သည့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏ သတ္တမအကြိမ် အစည်း အဝေးတွင်
“တနင်္သာရီတိုင်းမှာ သေနတ်တွေ အမြောက်တွေ ဗုံးတွေနဲ့ တိုက်တဲ့စစ်တော့ မရှိဘူး။ ဒါပေမယ့် စီးပွားရေး စားကျက် လုနေတဲ့ ရေလု မြေလုတဲ့ အသံတိတ် စစ်ပွဲတွေ ရှိတယ်။ အထူးသဖြင့် ရင်းနှီး မြှုပ်နှံမှုကိစ္စရပ်တွေမှာ တရားဥပဒေ စိုးမိုးဖို့နဲ့ တရားမျှတဖို့ အထူးလိုအပ်နေတယ်”
ဟု ပြောဖြစ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော စီးပွားရေး လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွက်လာရန် တိုက်တွန်းနေချိန်တွင် ကျွန်တော် တို့ တနင်္သာရီတိုင်းအတွင်း စီးပွားရေး ဖွံ့ဖြိုးမှု အကြောင်းပြု၍ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်စေသည့်လုပ်ငန်းများများပြားလာပြန်သည်။

ဥပမာ . . . . ဒီရေတောများ ဧကရာချီ ၍ ခုတ်လှဲဖျက်ဆီးနေခြင်းကို သတိပြု သင့်သည်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက် တစ်စောင်ရသည်နှင့် ပြီးပြည့်စုံသော သဘောတူညီချက်ရသကဲ့သို့ တည်ဆဲဥပဒေ ချိုးဖောက်လုပ်ကိုင်နေခြင်း ကို ရှေးဦးစွာ ရပ်တန့်နိုင်ရန် ကြိုးစားရပါမည်။

အလားတူစွာ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် ချမှတ်ထား သော မူများအတိုင်း တိကျသေချာစွာ လုပ်ကိုင်ဆောင်ရွက်ထားရန် လိုအပ်ပါ ပြီ။ မဟုတ်ပါက နောင်မျိုးဆက် အခက် တွေ့အောင် အငြင်းပွားစရာများ ဖန်တီးပေး ခဲ့သော တရားခံများသည် ကျွန်တော်တို့ သာ ဖြစ်ပါလိမ့်မည်။

အထူးသဖြင့် နိုင်ငံတော် အကြီးအကဲများ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက် ကိုင် အင်အားစုများနှင့် တပ်မတော်တို့လက်ရှိအကောင်အထည်ဖော်နေသော ၂၁ ရာစု ပင်လုံ၏ သဘောတူညီချက်များ ကို လေးလေးနက်နက် ထည့်သွင်းစဉ်းစား ပေးရန် လိုအပ်ပါသည်။

ထိုသဘောတူညီ ချက်များကို အလေးမထားမိပါက နောင် တွင် မငြိမ်းနိုင်သော ကိစ္စရပ်များ ထပ်မံ ပေါ်ပေါက်လာမည်ကို ဆင်ခြင်မိပြန်သည်။

ပြီးခဲ့သည့် ၂ နှစ်ကျော် ၂၀၁၇ခုနှစ် မေလ၂၉ရက်တွင် ဖက်ဒရယ်စနစ် စီးပွားရေးဆိုင်ရာ အခြေခံမူ ၆ချက်နှင့် ဒေသန္တရ ဖွံ့ဖြိုးရေး ဆိုင်ရာမူ ၂ ချက်ကို ချမှတ်ပြီး ဖြစ်သလို နောက်ထပ်စီးပွားရေး ဆိုင်ရာ သဘောတူညီချက် ၁၊ နောက် ဆက်တွဲ ခ အဖြစ် ၂၀၁၈ ဇူလိုင်လ ၆ရက်တွင် ပြဋ္ဌာန်းခဲ့သောကြောင့် စီးပွားရေး မူဘောင်ဆိုင်ရာ အချက်အလက်ပေါင်း ၇ချက်ဟု ဆိုချင်က ဆိုနိုင်ပါသည်။

သို့ဖြစ်ပါ၍ ယခုမှစ၍ နောင်လာ မည့် ရင်းနှီးမြှုပ်နှံမှုများ အားလုံးသည် အဆိုပါသဘောတူညီချက်များအတိုင်း အကောင်အထည် ဖော်နိုင်ရန် ကြိုးစား သင့်ပါသည်။

သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်များကလည်း ဖော်ပြပါ ပြည်ထောင်စု သဘောတူညီချက်များနှင့် မူဘောင်များကို အရင်းတည်၍ ထိုမူများ နှင့် ကိုက်ညီသော ဥပဒေ နည်းဥပဒေ များ ပေါ်ပေါက်လာစေရန် အားထုတ်သင့် သည်ဟု မြင်မိသည်။

အထူးသဖြင့် ယခုရက်ပိုင်းအတွင်း ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြည် ထောင်စုသဘောတူညီချက်များအတိုင်း အကောင်အထည်ဖော်နိုင်သော ရင်းနှီး မြှုပ်နှံမှုများအား ပေါ်လာစေချင်ပါသည်။

ဥပမာအားဖြင့် ဖက်ဒရယ်စီးပွားရေးဆိုင်ရာ အခြေခံမူများဖြစ်သော

(က) ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြည် ထောင်စု/တိုင်းဒေသကြီး^ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများက ခိုင်မာသည့် မူဝါဒ ဥပဒေ နည်းဥပဒေ များနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ ပြဋ္ဌာန်းရန်။ (မှတ်ချက်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များက မူဝါဒဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ရေးဆွဲ ပြဋ္ဌာန်းနိုင်သည့် ဥပဒေများပေါ်ပေါက် လာပါက ဆောင်ရွက်ရန် ဖြစ်သည်။)

(ခ) အဆိုပါမူဝါဒ နည်းဥပဒေတို့ နှင့်အညီ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍကို မြှင့်တင်ဖော်ဆောင်ရာတွင် လူနေမှု အဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲနွမ်းပါး မှုလျှော့ချရေး၊ လူမူစီးပွားဖွံ့ဖြိုးမှု ကွာဟ ချက်များ လျှော့ချနိုင်ရေးနှင့် ရေရှည်တည်တံ့ သော ဖွံဖြိုးတိုးတက်ရေးတို့ကို ဦးတည် ဆောင်ရွက်ရန်။

(ဂ) ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် စီးပွားရေးလုပ် ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီး ကာကွယ်ရန် စသော အချက်များကို ဖတ်ရပါသဖြင့် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းများကို အကောင်ထည် ဖော်မှုအပိုင်းတွင် ပြည်သူတို့၏ အကျိုး စီးပွားကို ထိခိုက်စေပြီး အကောင်အထည် ဖော်မိပါက အထက်ပါသဘောတူညီချက် ကို ဖောက်ဖျက် ကျူးလွန်ခြင်းပင် ဖြစ်ပါသည်။

သာဓက အားဖြင့်ဆိုရပါလျှင် မော်ကင်းလူမျိုးများနှင့် ပုလဲကုမ္ပဏီများ ကိစ္စ၊ ကျွန်းစုမြို့နယ်အတွင်း ဒီရေတော များ ဧကရာချီ ခုတ်လှဲနေသည့် ကိစ္စရပ် များအပြင် နိုင်ငံတော်အစိုးရ ကိုယ်တိုင် အစုရှယ်ယာပါဝင်ထားသော အပြည်ပြည် ဆိုင်ရာ ငါးလေလံ ဈေးကိစ္စရပ်များကို အပြီးအပြတ် မဖြေရှင်းနိုင်ပါက တနင်္သာရီ တိုင်း၏ အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ အတွက် စိန်ခေါ်ချက်များ ဖြစ်လာနိုင်ပါသည်။

တဆက်တည်း အကြံပြုလိုသည်မှာ အစိုးရသစ်အနေဖြင့် နိုင်ငံတော် ကိစ္စအဝ၀ ကို တာဝန်ယူပြီးနောက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရနှင့် တနင်္သာရီတိုင်းဒေသ ကြီး လွှတ်တော်တို့ အတူတကွ သဘောတူထားသော ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဦးစာပေးကဏ္ဍများ ဖြစ်သည့် ရေလုပ်ငန်းကဏ္ဍတွင် ရေသယံဇာတ အရင်းအမြစ်များအား ထိန်းသိမ်းရန်၊ ရေ သယံဇာတပြုန်းတီးမှုနှင့် ရေထုညစ်ညမ်း မှုများ လျော့နည်းကျဆင်းစေရေးအတွက် စီးပွားရေးလုပ်ငန်းများကို အလေးထား စိစစ်သုံးသပ်ရန် အစသဖြင့် စုစုပေါင်း ၁၁ ချက်ကို ဖတ်ရသဖြင့် လာမည့် ရင်းနှီးမြှုပ်နံမှု ဖိုရမ်တွင်အကောင်အထည် ဖော်နိုင်ရန် ကြိုးစားသင့်ပါသည်။

အလားတူစွာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ တနင်္သာရီတိုင်းအနေဖြင့် စီးပွားရေးဆိုင် ရာ ကဏ္ဍစာတမ်းကို ရေးသားတင်သွင်း ပြီးဖြစ်ပါသဖြင့် စာတမ်းပါ အချက်အလက် များသည် သက်ဆိုင်ဒေသ၏ ပြည်သူ များမှ ပေးလာသော သဘောဆန္ဒဖြစ်ပါ သောကြောင့် စာတမ်းပါအချက်အလက် များကို အသုံးချသင့်ပါသည်။

ကျွန်တော့်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော အနာဂတ်နိုင်ငံတော် တည်ဆောက်မည် ဖက်ဒရယ်ပြည်ထောင်စု နှင့် ကိုက်ညီသော ဖက်ဒရယ်စီးပွားရေး စံနစ်ကို တနင်္သာရီတိုင်းတွင် စတင်နိုင်ပြီး လူမှုသဟဇာတမျှတသော စီးပွားရေး ဖြစ်ရန် ယခု ဖိုရမ်မှ အစပြုနိုင်ပါစေကြောင်း ဆုတောင်းရင်း . . .။

ခိုင်ဦး